Home
မြန်မာသတင်း
AA ထိုးစစ် ဂွမြို့နှင့် ၃ မိုင်ခန့်အကွာ ရဟိုင်းကွင်းရွာအထိ ရောက်ရှိလာ
DVB
·
December 10, 2024
MAP_10122024

အာရက္ခတပ်တော် (AA) ရဲ့ထိုးစစ်ဟာ မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာပြီး ဒီဇင်ဘာ ၁၀ ရက်နေ့အထိဆိုရင် ဂွမြို့နဲ့ ၃ မိုင်ဝန်းကျင်အကွာက ရဟိုင်ကွင်းရွာအထိ ရောက်လာပြီ လို့ ဒေသခံတွေက DVB ကိုပြောပါတယ်။

သံတွဲ-ဂွ လမ်းမကြီးအတိုင်း ထိုးစစ်ဆင်လာတာဖြစ်ကာ စစ်ကောင်စီတပ် အခိုင်အမာခံစစ်ဆင်ခဲ့တဲ့ ရွာသစ်ကုန်းနဲ့ အမြောက်ထိုင်ထားတဲ့ ကျောက်ကြီးရွာတွေကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

ဒေသခံ စစ်ရေးသတင်းရင်းမြစ်က “မနေ့တုန်းကကြတော့ ရဟိုင်ကွင်းရွာ ရွှေနန်းခိုင်ဘုရားနားမှာဖြစ်တယ်။ အခုဆိုရင် ရဟိုင်ကွင်းဆည်နားထိ ရောက်နေပြီ။ ဆည်နားဆိုတာ ၅၆၃ တပ်ရင်းနားထိရောက်နေပြီ” လို့ ပြောပါတယ်။

စစ်တပ်က ကားအသုံးပြုခွင့်မပေးတာကြောင့် ဂွမြို့ပေါ်နဲ့ မြို့အနားမှာရှိတဲ့ ရွာတွေက ဒေသခံတွေဟာ မကျီးဇင်ရွာတွေဘက်နဲ့ ဧရာဝတီတိုင်းဘက်ကို ဆိုင်ကယ်တွေ၊ သုံးဘီးတွေနဲ့ ထွက်ခွာကြသလို လမ်းလျှောက်သွားတဲ့သူလည်းရှိတယ်လို့ မြို့ခံက ပြောပါတယ်။

စည်ပင်ရွာနဲ့ အနီးတဝိုက်က ဒေသခံတွေကိုတော့ AA က သူတို့ထိန်းချုပ်နယ်မြေဆီ ခေါ်ဆောင်သွားခဲ့ပေမဲ့ ရဟိုင်ကူးတို့ရွာထဲမှာ ပိတ်မိနေသူတချို့ ကျန်နေသေးတယ်လို့ သိရပါတယ်။

ဂွမြို့နယ်မှာ ခမရ ၅၆၂၊ ခမရ ၅၆၃ တပ်တွေအခြေစိုက်ပေမဲ့ စစ်တပ်က ဧရာဝတီတိုင်းဘက်ကနေ တပ်အင်အားအလုံးအရင်းနဲ့ ပို့ဆောင်ခံနေပါတယ်။

AA နဲ့ မဟာမိတ်တွေကလည်း နိုဝင်ဘာလကုန်ပိုင်းမှာ ဂွမြို့ကိုလာတဲ့ စစ်တပ်ရဲ့ တပ်ရင်း ၅ ခုပေါင်းထားတဲ့ စစ်ကြောင်းကိုတိုက်ခိုက်ရာ ရန်သူ့အလောင်း ၁၂၀ ကျော်နဲ့ စစ်သုံ့ပန်း၊ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ဒီဇင်ဘာ ၆ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013