Home
နိုင်ငံတကာ
တောင်ကိုရီးယားနိုင်ငံရေးအကျပ်အတည်းကို မြောက်ကိုရီးယားမီဒီယာထုတ်လွှင့် 
DVB
·
December 11, 2024
Photo-Reuters

တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ စစ်အုပ်ချုပ်ရေးကျင့်သုံးဖို့ ကြိုးပမ်းမှုနောက်ပိုင်း တောင်ကိုရီးယားမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေအကြောင်းကို မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာ KCNA က ဒီဇင်ဘာ ၁၁ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် ထုတ်လွှင့်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်က ထိတ်လန့်တုန်လှုပ်စရာ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် အာဏာလစ်ဟာမှုနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ပေါ်လာခဲ့ရပြီး အာရှရဲ့ စတုတ္ထအကြီးဆုံး စီးပွားရေးနိုင်ငံလည်းဖြစ်တဲ့ အမေရိကန်ရဲ့ မဟာမိတ် တောင်ကိုရီးယားဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျပ်အတည်းဆိုက်ကာ သံတမန်ရေးရာနဲ့ စီးပွားရေးမျက်နှာစာတွေက တဆင့် အံ့အားသင့်စရာဖြစ်ရပ်တွေ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတယ်။

KCNA သတင်းဌာနဟာ စစ်အုပ်ချုပ်ရေး အကျပ်အတည်းကြောင့် တောင်ပိုင်းမှာ လူမှုရေးမငြိမ်သက်မှုတွေ ကြီးထွားလာကြောင်း ဖော်ပြထားတဲ့ ဆောင်းပါးတပုဒ်ကို ထုတ်လွှင့်ခဲ့ ပါတယ်။

အဲ့ဒီသတင်းမှာ သိပ်အများကြီး သုံးသပ် မှတ်ချက်ပြုတာတွေ မလုပ်ခဲ့ပေမဲ့ တောင်ကိုးရီးယားနဲ့ နိုင်ငံတကာမီဒီယာတွေရဲ့ သတင်းတွေပါဝင်ခဲ့ပြီးတော့ သမ္မတယွန်းကို စွပ်စွဲပြစ်တင်ဖို့ လူ တသန်းကျော်က တောင်းဆိုကြတဲ့ ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေတာကို အသားပေး  ဖော်ပြသွားပါတယ်။ 

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013