တောင်ကိုရီးယား သမ္မတ ယွန်းဆွတ်ယိုလ်က ဒီတပတ်အတွင်း စစ်အုပ်ချုပ်ရေး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းခဲ့မှုအတွက် ဒီဇင်ဘာ ၇ ရက်က တိုင်းပြည်ကို ရုပ်သံကတဆင့် ဦးညွှတ်တောင်းပန်ခဲ့ပါတယ်။
ဒီတောင်းပန်မှုဟာ သမ္မတကို စွပ်စွဲဖြုတ်ချဖို့ မဲခွဲဆုံးဖြတ်မယ့် အချိန်မတိုင်ခင် နာရီပိုင်းအလိုမှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
သမ္မတ ယွန်းဟာ ဒီဇင်ဘာ ၃ ရက်နေ့က နိုင်ငံတော် ဆန့်ကျင်ရေးအင်အားစုတွေလို့ သူခေါ်တဲ့သူတွေကို နှိမ်နင်းဖို့နဲ့ ကဖျက်ယဖျက်လုပ်နေတဲ့ နိုင်ငံရေးရန်ဖက်တွေကို ကျော်လွှားဖို့ဆိုပြီး စစ်အုပ်ချုပ်ရေးကြေညာခဲ့တာဖြစ်ပါတယ်။
လွှတ်တော်ကို စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဝိုင်းရံထားတဲ့ကြားက လွှတ်တော်အမတ်တွေက ရအောင်စုဝေးပြီး ဒီအမိန့်ကို ဆန့်ကျင်မဲပေးခဲ့ကြပါတယ်။ ဒါ့ကြောင့် ဒီစစ်အုပ်ချုပ်ရေး အမိန့်ကို ထုတ်ပြန်ပြီး ၆ နာရီအကြာ ဒီဇင်ဘာလ ၄ ရက်နေ့ မနက်မိုးမလင်းမီမှာပဲ ရုပ်သိမ်းခဲ့ရပါတယ်။
သမ္မတ ယွန်းက သူ့ရဲ့ ဆုံးဖြတ်ချက်ဟာ စိတ်ပျက်အားငယ်မှုကနေ ပေါ်ပေါက်လာတာဖြစ်ပြီး၊ ဒီအတွက် ဥပဒေရေးရာနဲ့ နိုင်ငံရေးအရ တာဝန်ယူမှုကို ရှောင်ရှားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Source-Reuters