၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကို နိုင်ငံတို့က မျှော်လင့်နေပါတယ်။
ဒီဇင်ဘာ ၁၁ ရက်မှာ ကျင်းပမယ့် ဖီဖာရဲ့ အထူးအစည်းအဝေးပွဲမှာ ဒီ ၃ နိုင်ငံက ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရဖို့ မျှော်လင့်နေတာဖြစ်ပါတယ်။
၂၀၃၀ ကမ္ဘာ့ဖလားဟာ သက်တမ်းနှစ် ၁၀၀ ပြည့်မယ့်နှစ်ဖြစ်တာကြောင့် စပိန်၊ ပေါ်တူဂီ၊ မော်ရိုကို နိုင်ငံတို့ကို ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ပြုမယ်လို့ ဖီဖာက ကြေညာခဲ့ဖူးပါတယ်။
အဲ့ဒီကြေညာချက်မှာ ရာပြည့် နှစ်ဖြစ်တာကြောင့် ဥရုဂွေး၊ အာဂျင်တီးနား၊ ပါရာဂွေးတို့ကိုလည်း နှစ်ပတ်လည်အိမ်ရှင်အဖြစ် အဖွင့် ၃ ပွဲစီ လက်ခံကျင်းပဖို့ ပါရှိခဲ့ပါတယ်။
အဲ့ဒီကြေညာချက် ဒီဇင်ဘာ ၁၁ ရက်နေ့ ဖီဖာ အစည်းအဝေးပွဲမှာ တရားဝင်ဖြစ်ဖို့ စပိန်၊ ပေါ်တူဂီနဲ့ မော်ရိုကိုတို့က မျှော်လင့်နေတာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ ပြည့်နှစ်က ဥရုဂွေးနိုင်ငံမှာ ကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီအချိန်က အာဂျင်တီးနားကို အနိုင်ရပြီး အိမ်ရှင်အသင်းပထမဆုံး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
ရာပြည့်နှစ်မှာ ကျင်းပမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီး ၃ တိုက် နိုင်ငံ ၆ နိုင်ငံမှာ ကျင်းပဖို့ စီစဉ်တာက ပထမဆုံးအကြိမ် ဖြစ်လာမှာဖြစ်ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ကျင်းပခဲ့တဲ့ ၁၉၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို တိုက်ကြီး ၃ တိုက်က အသင်း ၁၃ သင်း ပါဝင်ယှဉ်ပြိုင်ခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲကို ၂၀၂၆ ခုနှစ်က စတင်ပြီး ၃၂ သင်းကနေ ၄၈ သင်းအထိ တိုးချဲ့ပြီး ကျင်းပ သွားမှာဖြစ်ပါတယ်။