စပိန်နိုင်ငံမှာ လူပေါင်း ၂၂၀ ကျော် သေဆုံးခဲ့တဲ့ ရေကြီးရေလျှံမှုကို ကိုင်တွယ်ဖြေရှင်းပုံအတွက် ရာထူးကနေ နုတ်ထွက်ပေးဖို့ ဗလင်စီယာ ဒေသခေါင်းဆောင် ကားလို့စ်မာဇွန်ကို ပြည်သူ ထောင်ပေါင်းများစွာက နိုဝင်ဘာ ၃၀ ရက်မှာ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ “ခရစ္စမတ်အတွက် အားလုံးက မာဇွန် ရာထူးကနေ နုတ်ထွက်တာ လိုချင်တယ်” လို့ ရေးထားတဲ့ စာတန်းတွေ ကိုင်ဆောင်ရင်း မာဇွန် လူသတ်သမားလို့ ကြွေးကြော်ကာ ဗလင်စီယာမြို့တော်ခန်းမကနေ တိုင်းဒေသကြီး အစိုးရရုံးချုပ်နားက ဗာဂျင်ရင်ပြင်ဆီ ချီတက်ခဲ့ကြပါတယ်။
ရေကြီးရေလျှံမှုဖြစ်ချိန်မှာ အာဏာပိုင်တွေက သတိမပေးခဲ့တာနဲ့ သဘာဝဘေးအန္တရာယ် ကျရောက်ပြီးတဲ့နောက်မှာ အရေးပေါ်ဝန်ဆောင်မှုတွေ နောက်ကျတုံ့ပြန်ခဲ့တာတွေကို ဒေသခံတွေက ဝေဖန် ပြောဆိုနေကြပါတယ်။
မာဇွန်က သူ့အနေနဲ့ အမှားအယွင်းတွေ လုပ်မိကြောင်း ဝန်ခံခဲ့ပေမဲ့ ရာထူးကနုတ်ထွက်ဖို့ ငြင်းဆိုခဲ့ပါတယ်။
နိုင်ငံတော်အစိုးရကနေ လည်ပတ်နေတဲ့ ရေစီးဆင်းမှုကို တိုင်းတာတဲ့ အဖွဲ့အနေနဲ့ လုံလောက်တဲ့ သတိပေးချက်တွေ မပေးပို့နိုင်ခဲ့ဘူးလို့လည်း ပြောဆိုခဲ့ပါတယ်။
Source : Reuters