ဘောလုံးပွဲလက်မှတ်ဈေးနှုန်းတွေ မြင့်တက်မယ့်အပေါ် မန်ယူ၊ အဲဗာတန်၊ လီဗာပူးနဲ မန်စီးတီးပရိသတ်တွေက ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်သွားဖို့ ရှိနေပါတယ်။
မန်ယူအသင်းကစတင်ပြီး ပရိသတ်တယောက်အတွက် အနည်းဆုံး ၆၆ ပေါင်ကနေစတင် သတ်မှတ်တော့မယ့်အပေါ် အဲဗာတန်၊ လီဗာပူးနဲ့ မန်စီးတီးပရိသတ်တွေကလည်း ပူးပေါင်းပါဝင်ပြီး ဆန္ဒထုတ်ဖော်ကြမှာပါ။
လာမယ့် သီတင်းပတ်မှာကစားကြမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ မန်ယူနဲ့ အဲဗာတန်၊ လီဗာပူးနဲ့ မန်စီးတီးတို့ ယှဉ်ပြိုင်ကစားကြမှာပါ။
အဲဒီပွဲစဉ်တွေမတိုင်ခင်မှာ နှစ်သင်းပရိသတ်အဖွဲ့တွေ ပူးပေါင်းဆန္ဒပြကြမှာဖြစ်ပြီး ကွင်းတွင်းမှာ ခါးသီးတဲ့ပြိုင်ဘက်တွေဖြစ်ကြပေမဲ့ ဒီလိုအရေးပါတဲ့ကိစ္စမှာ ပူးပေါင်းပါဝင်ဖြစ်ခဲ့တာက ဂုဏ်ယူစရာကောင်းတယ်လို့ မန်စီးတီးပရိသတ်တယောက်က ပြောသွားပါတယ်။
Photo: Reuters