Home
နိုင်ငံတကာ
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို လက်တင်အမေရိက အမျိုးသမီးများ ရှုတ်ချ ဆန္ဒပြ
DVB
·
November 26, 2024
Photo : Reuters

လက်တင်အမေရိကဒေသတလွှား မြို့ကြီးတွေက အမျိုးသမီးတွေဟာ နိုဝင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ အထိမ်းအမှတ်အနေနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။

မက္ကဆီကိုနိုင်ငံရဲ့ မြို့တော် မက္ကဆီကိုစီးတီးနဲ့ ဘိုလီးဗီးယားနိုင်ငံ မြို့တော် လာပဲ့ဇ်တို့လို နေရာမျိုးတွေမှာ ဆန္ဒပြသူတွေက အစိုးရရဲ့ အရေးယူမှုနဲ့ တရားမျှတမှုကို တောင်းဆိုခဲ့ကြတာပါ။

ကိုလံဘီယာနိုင်ငံရဲ့ မြို့တော် ဘိုဂိုတာနဲ့ ချီလီနိုင်ငံရဲ့ မြို့တော် ဆန်တီယာဂိုမှာ ချီတက်ဆန္ဒပြသူတွေကတော့ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ဆန့်ကျင် ဆန္ဒပြခဲ့ကြပါတယ်။

အာဂျင်တီးနားနိုင်ငံမှာတော့ ဆန္ဒပြသူတွေက အမျိုးသမီးတွေနဲ့ တခြားလူနည်းစုတွေကို ကူညီပေးတဲ့ အစိုးရအဖွဲ့အစည်းတွေကို ဖျက်သိမ်းခြင်းကြောင့် လူသိများတဲ့ အမျိုးသမီးသမ္မတ ဟာဗီယာ မိုင်လေကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

ကျားမကွဲပြားမှု အခြေပြု အကြမ်းဖက်မှု တိုက်ဖျက်ရေးကို ကိုယ်စားပြုတဲ့ လိမ္မော်ရောင်နဲ့  အမျိုးသမီးတွေအား သတ်ဖြတ်မှုကို ဆန့်ကျင်တဲ့ ဒေသဆိုင်ရာလှုပ်ရှားမှု ('Not one less') ကို ကိုယ်စားပြုတဲ့ ခရမ်းရောင်ကို ဆန္ဒပြသူတွေက ဝတ်ဆင်ထားပါတယ်။

လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသတို့မှာ နေ့စဉ် အမျိုးသမီး ၁၁ ယောက်ထက်မနည်းဟာ အမျိုးသမီးတွေကို သတ်ဖြတ်မှုရဲ့သားကောင် ဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂက သတင်းထုတ်ပြန်ထားပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013