တူရကီအစိုးရက ရွေးကောက်ခံ ကာ့ဒ် လိုလားသူ မြို့တော်ဝန်နှစ်ဦးကို ရာထူးကနေ ဖြုတ်ချပြီးတဲ့နောက် နိုဝင်ဘာ ၂၂ ရက်က တူရကီအရှေ့ပိုင်း တွန်ဂျေလေပြည်နယ်မှာ ဆန္ဒပြရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ကြပါတယ်။
မြို့တော်ဝန်တွေကို အကြမ်းဖက်ဝါဒနဲ့ ဆက်နွှယ်တဲ့ပြစ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပြီး ပြည်နယ်အရာရှိတွေကို သူတို့နေရာတွေမှာ ယာယီခန့်အပ်ထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။
ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးကို တွန်ဂျေလေပြည်နယ် မြို့တော်ဝန် ဂျေ့ဗ်ဒက် ကိုနက် နေရာမှာ အစားထိုးခဲ့ပြီး အိုဗာဂျစ် မြို့တော်ဝန် မူစတာဖှာ ဆာရီဂေးလ် ရဲ့ နေရာမှာလည်း ဒေသခံ အုပ်ချုပ်ရေးမှူးတယောက်ကို ခန့်အပ်ခဲ့ပါတယ်။
ကိုနက် ဟာ အမျိုးသားပါလီမန်မှာ အမတ်နေရာ ၅၇ နေရာရထားတဲ့ ကာ့ဒ် လိုလားတဲ့ DEM ပါတီဝင်တယောက်ဖြစ်ပြီး ဆာရီဂေးလ်ကတော့ အဓိက အတိုက်အခံ Republican People's Party (CHP) ရဲ့အဖွဲ့ဝင်ပါ။
အရင်ကလည်း ကာ့ဒ်လိုလားသူ ဒါဇင်ပေါင်းများစွာသော မြို့တော်ဝန်တွေကို အလားတူစွပ်စွဲချက်တွေနဲ့ ရာထူးကနေ ဖယ်ရှားခဲ့ဖူးပါတယ်။
Source: Reuters