ဥရောပနဲ့ တောင်အမေရိက ကုန်သွယ်ရေးအဖွဲ့ဝင် နိုင်ငံတွေကြား ကုန်သွယ်မှု သဘောတူညီချက်ရဲ့ အလားအလာနဲ့ အခုနှစ်အစောပိုင်းက လယ်ယာစိုက်ပျိုးရေး အကျပ်အတည်းကို ဖြစ်စေတဲ့ နိုင်ငံခြားပြိုင်ဆိုင်မှုအပေါ် မကျေနပ်မှုတွေ ပိုပြင်းထန်လာလို့ ပြင်သစ်လယ်သမားတွေဟာ ပဲရစ်မြို့အနားက လမ်းတွေကို နိုဝင်ဘာ ၁၇ ရက်မှာ ပိတ်ဆို့ထားပြီး သပိတ်စခန်းတခုကို ထူထောင်ခဲ့ကြပါတယ်။
လယ်သမားတွေက နောက်နေ့မှာ ထွက်မသွားခင် အဲဒီနေရာမှာ တညအိပ်ဖို့ ပြင်ထားလို့ ရဲတွေရဲ့ မျက်စိအောက်မှာတင် ဗီလီဇီ ဗီလာကူဘလေ ရပ်ကွက်ထဲမှာ လယ်ထွန်စက်တွေ ပိတ်နေခဲ့ပါတယ်။
အခုနှစ်ကုန်ပိုင်းမှာ ကာလရှည်ကြာ ကုန်သွယ်ရေးညှိနှိုင်းမှု အပြီးသတ်ဖို့ ဥရောပသမဂ္ဂနဲ့ တောင်အမေရိက ကုန်သွယ်ရေး အစုအဖွဲ့တို့ရဲ့ တွန်းအားပေးမှုကြောင့် ပြင်သစ်မှာ ပြည်တွင်းထွက်ကုန်တွေရဲ့ စံချိန်စံညွှန်းကို မမီဘဲ စျေးသက်သာတဲ့ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ သွင်းကုန်တွေအတွက် ဒေါသတွေ ပြန်ထွက်လာခဲ့ကြပါတယ်။
ရုရှားရဲ့ ကျူးကျော်မှုအပြီး ယူကရိန်းကနေ သွင်းကုန်တွေတင်သွင်းမှု မြင့်တက်လာပြီးတဲ့နောက် ဥရောပတဝန်းက လယ်သမားတွေကလည်း အလားတူ မကျေမနပ် ဖြစ်ခဲ့ကြပါတယ်။
ပြင်သစ်မှာ စပါးရိတ်သိမ်းချိန်အတွင်း မိုးဒဏ်ကို အပြင်းအထန် ခံစားရပြီး တိရစ္ဆာန်တွေမှာလည်း ရောဂါတွေ ဖြစ်ခဲ့တာပါ။
ကြားဖြတ်ရွေးကောက်ပွဲကြောင့်လည်း အရင်ဆန္ဒပြမှုတွေကို ဖြေရှင်းဖို့ ကတိပေးထားတဲ့ အရေးယူဆောင်ရွက်ချက်တွေကို နှောင့်နှေးစေခဲ့တဲ့အတွက် လယ်သမားတွေရဲ့ ခံစားချက်က အချဉ်ပေါက်လာခဲ့ကြပြီး အဝေးပြေးလမ်းမတွေကို သီတင်းပတ်တွေနဲ့ချီ ပိတ်ဆို့ထားခဲ့ကြပါတယ်။
Source : Reuters