Home
နိုင်ငံတကာ
ထရမ့်ပ် အိမ်သာတက်နေပုံ ရွှံ့စေးအရုပ်များ စပိန်တွင် ရောင်းကောင်း
DVB
·
December 6, 2024
Photo-Reuters

စပိန်နိုင်ငံ အရှေ့မြောက်ပိုင်း ကက်တလိုးနီးယားဒေသရဲ့ ရိုးရာဓလေ့အရ၊ ဘောင်းဘီချွတ်ပြီး အိမ်သာတက်နေတဲ့ပုံစံ ရွှံ့စေးရုပ်လေးတွေထဲမှာ ဒေါ်နယ်ထရမ့်ပ် အရုပ်က နာမည်အကြီးဆုံး ဖြစ်နေပါတယ်။

“ကာဂါနာ” (အိမ်သာတက်သူ) အရုပ်လေးတွေကို မူလက ခရစ်တော်မွေးဖွားခြင်းဆိုင်ရာ ပြဇာတ်ခင်းကျင်းမှုတွေထဲမှာ ဝှက်ပြီးထည့်ထားတဲ့ ရယ်စရာ သိုးထိန်းရုပ်လေးတွေအဖြစ် ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

လာကြည့်သူတွေထဲက မျက်စိရှင်တဲ့သူတွေ ရှာဖွေလို့ရတဲ့ ပျော်စရာ ဓလေ့တခု ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ အခုတော့ နှစ်စဉ် သတင်းခေါင်းကြီးပိုင်းမှာ ပါဝင်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေနဲ့ နာမည်ကြီးပုဂ္ဂိုလ်တွေအထိ တိုးချဲ့လာခဲ့ပါတယ်။

အွန်လိုင်းဆိုင် Caganer.com ရဲ့ CEO ဆာဂျီ အလို့စ်က အိမ်သာသုံးနေတဲ့ အမေရိကန် သမ္မတလောင်းတွေရဲ့ အရုပ်လေးတွေ ရောင်းအားဟာ နိုင်ငံရဲ့ မကြာသေးမီက ရွေးကောက်ပွဲရလဒ်ကို ထင်ဟပ်နေတယ်လို့ ပြောပါတယ်။

ထရမ့်ပ်ရုပ်လေးတွေဟာ ၂၀၁၆ ခုနှစ်က သူ ပထမဆုံး သမ္မတသက်တမ်းကို အနိုင်ရခဲ့တုန်းကလည်း လူကြိုက်များခဲ့သလို ၂၀၂၀ ပြည့်နှစ်က ရွေးကောက်ပွဲရှုံးခဲ့တုန်းကလည်း လူကြိုက်များခဲ့ပါတယ်။

ဒီနှစ်ရဲ့ စုစည်းမှုမှာ ထရမ့်ပ်နဲ့အတူ အစိုးရအကျပ်အတည်းကို ရင်ဆိုင်နေရတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွရွန်၊ ပြင်သစ်လက်ယာစွန်းခေါင်းဆောင် မာရင်း လီပင်တို့ရဲ့ ရုပ်တုလေးတွေလည်း ပါဝင်ပါတယ်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး၊ ရုရှားသမ္မတ ဗလာဒီမာ ပူတင်၊ ဗင်နီဇွဲလားသမ္မတ နီကိုလပ်စ် မာဒူရိုနဲ့ အာဂျင်တီးနားသမ္မတ ဟာဗီယား မီလေးတို့လည်း ပါဝင်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013