မော်ရိုကိုနိုင်ငံဟာ ၂၀၂၄ ခုနှစ်အတွင်း ကမ္ဘာ့လှည့်ခရီးသွားလာရောက်မှု စံချိန်တင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် ၁၁ လအတွင်း ခရီးသွား ၁၅ ဒသမ ၉ သန်း လာရောက်တာကြောင့် ပြီးခဲ့တဲ့ တနှစ်လုံးကထက် ပိုများကြောင်း ခရီးသွားဝန်ကြီးဌာနက ဒီဇင်ဘာ ၉ ရက်မှာ ပြောဆိုခဲ့ပါတယ်။
မြောက်အာဖရိကတိုက်နိုင်ငံဖြစ်တဲ့ မော်ရိုကိုမှာ ဒေသတွင်း ပစ္စည်းတွေက ခရီးသွား ၇ ရာခိုင်နှုန်းကို စွဲဆောင်နိုင်ပြီး ဒေသထုတ်ကုန်တွေက ဒေသခံတွေအတွက် အဓိကအလုပ်ဖြစ်ပြီး နိုင်ငံခြားငွေလည်း ရှာဖွေနိုင်ပါတယ်။
မော်ရိုကိုနိုင်ငံရဲ့ နိုဝင်ဘာလ ခရီးသွားရာခိုင်နှုန်းက ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်ရင် ၂၀ ရာခိုင်နှုန်း တိုးလာပြီး ၂၀၂၃ တနှစ်လုံးထက် ၁၀ ရာခိုင်နှုန်း ပိုများပါတယ်။
“မော်ရိုကိုဟာ ကမ္ဘာ့လှည့်ခရီးသည်တွေ လည်ပတ်မှုအများဆုံး ထိပ်ဆုံး ၁၅ နေရာမှာ ပါဝင်ဖို့က ကျနော်တို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်ပါတယ်” လို့ ခရီးသွားဝန်ကြီးက ပြောပါတယ်။
ခရီးသွားဈေးကွက်တိုးတက်စေဖို့ လေကြောင်းလမ်းတွေ ဖွင့်ပေးခဲ့သလို အဆောက်အအုံဟောင်းတွေကို ပြန်လည်မွမ်းမံပြီး ဟိုတယ်ဖွင့်တာမျိုးတွေ မော်ရိုကိုနိုင်ငံက လုပ်ဆောင်ခဲ့တာ တွေ့ရပါတယ်။
ဇန်နဝါရီကနေ အောက်တိုဘာလအထိ ခရီးသွားလုပ်ငန်းက ဝင်ငွေ ဒေါ်လာ ၉ ဒသမ ၇၂ ဘီလီယံအထိ ရှိတယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
၂၀၂၆ ခုနှစ်မှာ ခရီးသွား ၁၇ ဒသမ ၅ သန်း လာရောက်လည်ပတ်ဖို့ မော်ရိုကိုနိုင်ငံက ပစ်မှတ်ထားနေပါတယ်။
ဒါ့အပြင် မော်ရိုကိုနိုင်ငံဟာ ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကို စပိန်၊ ပေါ်တူဂီနိုင်ငံတို့နဲ့အတူ ပူးတွဲအိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ဆန္ဒရှိနေပြီး ၂၀၃၀ မှာ ခရီးသွား ၂၆ သန်း လာရောက်ဖို့ ရည်ရွယ်ထားပါတယ်။
Source : Reuters