မော်ရိုကိုနိုင်ငံ တောင်ပိုင်းပြည်နယ်တွေ ဖြစ်တဲ့ တာတာ၊ တိဇ်နစ်၊ အာရာချီဒီယာ၊ တင်ဟီယာနဲ့ တာရိုဒန့်ထ် ပြည်နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ရေကြီးရေလျှံမှုတွေကြောင့် အနည်းဆုံး လူ ၁၈ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက စက်တင်ဘာ ၉ ရက်မှာ နောက်ဆုံး အတည်ပြုချက် ထုတ်ပြန်ခဲ့ပါတယ်။
စက်တင်ဘာ ၇ ရက်က ရေကြီးရေလျှံမှုတွေကြောင့် အဲဒီဒေသရှိ ရွာအများအပြား နစ်မြုပ်သွားခဲ့ပြီးနောက် အနည်းဆုံး လူ ၄ ယောက် ပျောက်ဆုံးနေကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
သေဆုံးသူတွေထဲမှာ စပိန်၊ ကနေဒါနဲ့ ပီရူးတို့က နိုင်ငံခြားသား ၃ ယောက် ပါဝင်ကြောင်း သိရပါတယ်။
ရေကြီးမှုကြောင့် နေအိမ် ၅၆ လုံး လုံးဝပျက်စီးသွားပြီး လမ်းမပေါင်း ၁၁၀ လည်း ထိခိုက်ခဲ့တဲ့အပြင် လျှပ်စစ်၊ ရေပေးဝေမှုနဲ့ ဖုန်းကွန်ရက်တွေလည်း ပျက်စီးခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ တာတာပြည်နယ် အိုကယ်ရ်ဒါဒေသရှိ ပျက်စီးသွားတဲ့ အဆောက်အအုံမှ အပျက်အစီးတွေကို တူးဖော်နေပုံကို ပြထားတဲ့ ဗီဒီယိုဖိုင်ကို တနင်္လာနေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။
Source-Reuters