လီဗာပူးအသင်းဟာ တိုက်စစ်ကစားသမား မိုဆာလာကို စာချုပ်သက်တမ်းတိုးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ သဘောတူညီမှု ရယူနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
ဆာလာဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းမှာဆက်ရှိဖို့ထက် ထွက်ခွာဖို့က ပိုများကြောင်း လူသိရှင်ကြား ထုတ်ပြောခဲ့သူပါ။
လီဗာပူးအသင်းဟာ ဆာလာ အပါအဝင် နောက်ခံလူ ဗန်ဒိုက်နဲ့ အာနိုးလ်တို့ကိုလည်း စာချုပ်သစ် ချုပ်ဆိုပြီး အသင်းဆက်ထိန်းသွားဖို့ ကမ်းလှမ်းထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်အထိတော့ ဘယ်ကစားသမားနဲ့မှ သက်တမ်းတိုးဖို့ သဘောတူညီမှု မရရှိသေးပါဘူး။ ဆာလာဟာ အခုနှစ် ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၁၃ ဂိုးသွင်း၊ ၈ ကြိမ် ဂိုးဖန်တီးမှုပြုလုပ်ပြီး အကောင်းဆုံး ခြေစွမ်းပြနေသူ ဖြစ်ပါတယ်။