ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာဘက်ခြမ်းကနေ တရားမဝင် မှောင်ခိုတင်သွင်းလာတဲ့ နွား ၁၈ ကောင် ဖမ်းဆီးရမိတယ်လို့ AEC အာဆီယံထိုင်းသတင်းမှာ ဖော်ပြပါတယ်။
ထိုင်းစစ်တပ် ရာ့ချ်မနူးစစ်ကြောင်းနဲ့ အမှတ် ၄၃၃ နယ်ခြားစောင့်ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေဟာ မနေ့ ဒီဇင်ဘာ ၈ ရက် ညပိုင်းက တာ့ခ်ခရိုင် မဲဆောက်မြို့နယ် မယ်ပအုပ်စုတွင်း နယ်မြေလုံခြုံရေး တရားဥပဒေစိုးမိုးရေး ဆောင်ရွက်နေစဉ် ဘန့်ဝမ်းကယောက်အနီး တောထဲမှာ မသင်္ကာဘွယ်ရာ နွာတအုပ်ကို တွေ့ရှိခဲ့တယ်လို့ တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အနီးကို သွားရောက်စစ်ဆေးရာမှာတော့ အဆိုပါနွားတွေမှာ နွားထီးတွေဖြစ်ပြီး စုစုပေါင်း ၁၈ ကောင်ရှိတယ်၊ နွားရဲ့နားရွက်မှာ မှတ်သားထားတဲ့ တရားဝင်အမှတ်အသား / ကိုယ်ပိုင်နံပါတ် စတာတွေ မပါရှိတာကြောင့် တဖက်နိုင်ငံမှ တရားမဝင်တင်သွင်းလာတဲ့ နွားတွေ ဖြစ်နိုင်တယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
နွားပိုင်ရှင် ဘယ်သူဆိုတာတော့ သတင်းမှာ ဖော်ပြထားခြင်းမရှိဘဲ အဲဒီနွားတွေကိုတော့ တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းကို မောင်းနှင်သွားတယ်၊ တိရစ္ဆာန်ထိန်းသိမ်းရေးစခန်းနဲ့ မွေးမြူရေး ဌာနဆိုင်ရာတွေနဲ့ ညှိနှိုင်းပြီး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။