Home
နိုင်ငံတကာ
ရုရှားကျူးကျော်စစ်အတွင်း ယူကရိန်းစစ်သား ၄၃,၀၀၀ သေဆုံး
DVB
·
December 9, 2024
Photo : Reuters

ရုရှားရဲ့ ကျူးကျော်စစ် စတင်ချိန်ကတည်းက ယူကရိန်းစစ်သား ၄၃,၀၀၀ သေဆုံးပြီး စစ်သားတွေ အပါအဝင် လူပေါင်း ၃၇၀,၀၀၀  ဒဏ်ရာရခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ပြောပါတယ်။

ယူကရိန်းက သေဆုံးဒဏ်ရာရတဲ့စာရင်းကို ထုတ်ဖော်ပြောဆိုလေ့ မရှိပေမဲ့ ဇလန်းစကီးက သေဆုံးသူစာရင်း ပိုတိုးလာတယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် သူက ရုရှားစစ်သား ၁၉၈,၀၀၀ သေဆုံးခဲ့ကြောင်းနဲ့ ၅၅၀,၀၀၀ ဒဏ်ရာရခဲ့ကြောင်းလည်း ကြေညာခဲ့ပါသေးတယ်။

ယူကရိန်းနဲ့ ရုရှားတို့ဟာ စစ်ပွဲမှာ ကျဆုံးခဲ့သူတွေကို ခန့်မှန်းပြီး ထုတ်ပြန်လေ့ရှိပေမဲ့ အတိအကျ ထုတ်ပြန်ကြေညာတာမျိုးတော့ မရှိသေးပါဘူး။

ဖေဖော်ဝါရီလက ယူကရိန်းစစ်သားတွေရဲ့ တိုက်ပွဲကျဆုံးမှု အရေအတွက် ၃၁,၀၀၀ ရှိတယ်လို့ ဇလန်းစကီးက နောက်ဆုံး ထုတ်ပြန်ခဲ့ဖူးပါတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁ လတည်းမှာ ရုရှားစစ်သား ၄၅,၆၈၀ သေဆုံး ဒဏ်ရာရမှုရှိတာက စစ်ပွဲစတင်ချိန်ကတည်းက ထိခိုက်မှုအများဆုံး ပမာဏလည်း ဖြစ်တယ်လို့ ဆိုပါတယ်။

နိုဝင်ဘာ ၂၈ တရက်တည်းတင် ရုရှားဘက်က လူ ၂,၀၀၀ ကျော် ဆုံးရှုံးခဲ့တယ်လို့လည်း ဖော်ပြပါတယ်။

ဗြိတိန်ကာကွယ်ရေးစုံစမ်းရေးရဲ့ နောက်ဆုံးဖော်ပြချက်အရ နေ့စဉ် ရုရှားစစ်တပ်က ၁,၅၂၃ ယောက် ဒဏ်ရာရ သေဆုံးမှုတွေနဲ့ ကြုံတွေ့နေရတယ်လို့ သိရပါတယ်။

ရုရှားရဲ့ ထုတ်ပြန်မှုတွေမှာတော့ ယူကရိန်းတွေက ရုရှားထက်ပိုပြီး ကျဆုံးထိခိုက်မှုတွေ ရှိတယ်လို့လည်း တွေ့ရပါတယ်။

ရုရှားနိုင်ငံအပြင်မှာတော့ ရုရှားတပ်တွေဟာ အသေခံတိုက်ခိုင်းတဲ့ နည်းစနစ်တွေကြောင့် သေဆုံးမှုပမာဏက ယူကရိန်းထက် ပိုများတယ်လို့ ယူဆကြပါတယ်။

ရုရှားတပ်တွေဟာ ယူကရိန်းအရှေ့ပိုင်း ၉၀၇ စကွဲယားမိုင် သိမ်းပိုက်မှု၊ ပြန်လည်ရယူမှုနဲ့ ရုရှားနိုင်ငံအနောက်ဘက်ရှိ ကာ့ခ်ဒေသတို့မှာ စစ်ပွဲစတင်ချိန်ကတည်းက တပ်ဖြန့်ထားရတာကြောင့် ထပ်ပြီး အင်အားဖြည့်တင်းမှုတွေ ပြုလုပ်နေရပါတယ်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကာ့ခ်ဒေသတခုတည်းမှာတင် ယူကရိန်းစစ်သား ၃၈,၀၀၀ ကျော် ကျဆုံး ဒဏ်ရာရမှုရှိတယ်လို့လည်း ဆိုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013