Home
နိုင်ငံတကာ
ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးရန် လမ်းဖွင့်ထားဟု ရုရှားပြော
DVB
·
December 9, 2024
Photo : Reuters

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စေ့စပ်ညှိနှိုင်းကြဖို့ တောင်းဆိုခဲ့ပြီးတဲ့နောက် ယူကရိန်းအရေး ဆွေးနွေးဖို့ ရုရှားက လမ်းဖွင့်ထားတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဒီဇင်ဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ ၂၀၂၂ ခုနှစ်မှာ အစ္စတန်ဘူလ်မြို့က ဆွေးနွေးပွဲမှာ ရခဲ့တဲ့ သဘောတူညီချက်တွေ၊ လက်ရှိ စစ်မြေပြင် ဖြစ်ရပ်မှန်တွေအပေါ် အခြေခံရမယ်လို့လည်း ကရင်မလင်ပြောခွင့်ရ ဒမစ်ထရီ ပဲ့စ်ကို့ဗ်က ပြောပါတယ်။

ယူကရိန်းဟာ ရုရှားခေါင်းဆောင်တွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ အထူးအမိန့်တရပ်နဲ့ တားဆီးပိတ်ပင်ခဲ့တာဖြစ်လို့ ဆွေးနွေးပွဲတွေ ဆက်လုပ်မယ်ဆိုရင် အဲဒီ အထူးအမိန့်ကို ရုပ်သိမ်းရမယ်လို့လည်း ပဲ့စ်ကို့ဗ်က မှတ်ချက်ပြုခဲ့ပါတယ်။

“ယူကရိန်းနဲ့ပတ်သက်တဲ့ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ကောင်းကောင်းသိကြပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်ဖို့ အခြေအနေတွေကို သမ္မတ ပူတင်က ဒီနှစ် ဇွန်လမှာ ရုရှားနိုင်ငံခြားရေးဌာနကို ပြောခဲ့တဲ့ သူ့ရဲ့ မိန့်ခွန်းမှာ ပြောခဲ့ပြီးသားပါ။ စေ့စပ်ညှိနှိုင်းရေးကို ဆက်ခါ ဆက်ခါ ငြင်းဆိုနေတာ ယူကရိန်းပဲ ဆိုတာကို ပြန်သတိရဖို့ အရေးကြီးတယ်” လို့ ပဲ့စ်ကို့ဗ်က ပြောခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013