![](https://burmese.dvb.no//wp-content/uploads/2024/12/AmericanSupportUkraine.jpg)
အမေရိကန်နိုင်ငံဟာ ယူကရိန်းနိုင်ငံအတွက် ဒေါ်လာ ၉၈၈ သန်း တန်ဖိုးရှိ ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပါဝင်တဲ့ လက်နက်အထောက်အပံ့အသစ်ကို ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ပင်တဂွန်ရဲ့ အဆိုအရ ဒီအထောက်အပံ့မှာ လော့ခ်ဟိဒ်မာတင်ကုမ္ပဏီထုတ်လုပ်တဲ့ HIMARS ဒုံးကျည်စနစ်အတွက် ခဲယမ်းတွေ၊ ဒရုန်းတွေနဲ့ အမြောက်လက်နက်တွေ ပြုပြင်ထိန်းသိမ်းဖို့ အရန်ပစ္စည်းတွေ ဝယ်ယူဖို့ ပါဝင်ပါတယ်။
ဒီအထောက်အပံ့အတွက် ယူကရိန်းလုံခြုံရေးအကူအညီအစီအစဉ် (USAI) အောက်မှာ ကျန်ရှိနေတဲ့ ဒေါ်လာ ၂ ဒသမ ၂၁ ဘီလီယံရဲ့ ထက်ဝက်နီးပါးကို သုံးစွဲမှာ ဖြစ်ပါတယ်။
ဘိုင်ဒင်အစိုးရဟာ အမေရိကန်ရဲ့ လက်နက်သိုလှောင်မှုတွေကနေ ထုတ်ယူပေးတာထက် လက်နက်ထုတ်လုပ်ရေးကုမ္ပဏီတွေဆီကနေ တိုက်ရိုက်ဝယ်ယူပေးဖို့ ရည်ရွယ်နေပါတယ်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ရုရှားကျူးကျော်မှုစတင်ကတည်းက အမေရိကန်နိုင်ငံဟာ ယူကရိန်းနိုင်ငံကို လုံခြုံရေးအကူအညီ ဒေါ်လာ ၆၂ ဘီလီယံကျော် ပေးအပ်ခဲ့ပြီး ဖြစ်ပါတယ်။
ဘိုင်ဒင်အစိုးရမှာ ၂၀၂၄ ခုနှစ်တုန်းက ခွင့်ပြုထားတဲ့ရန်ပုံငွေတွေနဲ့ ယူကရိန်းကို တင်ပို့ခဲ့တဲ့ လက်နက်တွေရဲ့တန်ဖိုးကို ပိုတွက်မိထားတာကြောင့် ပြန်ထွက်လာတဲ့ ရန်ပုံငွေတွေအပါအဝင် လွှတ်တော်ကအပ်နှင်းပြီးသား သမ္မတရဲ့ ထုတ်ယူသုံးစွဲပိုင်ခွင့်အတွင်းမှာ ဒေါ်လာ ၆ ဘီလီယံ ကျန်ရှိနေပါသေးတယ်။
Source: Reuters