ဂါဇာစစ်ပွဲမှာ အစ္စရေးက ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေတယ် ဆိုပြီး အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ရဲ့ ကောက်ချက်ချစွပ်စွဲမှုကို အမေရိကန်ပြည်ထောင်စုက သဘောမတူကြောင်း နိုင်ငံခြားရေးဌာနက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။
လန်ဒန်အခြေစိုက် Amnesty International လူ့အခွင့်အရေးအဖွဲ့က ဒီဇင်ဘာ ၅ ရက်က အစီရင်ခံစာမှာ အစ္စရေးဟာ ဂါဇာမှာ ပါလက်စတိုင်းတွေကို လူမျိုးတုံးသတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီးနောက်မှာ အစီရင်ခံစာရဲ့ ကောက်ချက်တွေကို အမေရိကန်က သဘောမတူကြောင်းတုံ့ပြန်လိုက်တာပါ။
အမေရိကန်ဟာ ဂါဇာမှာ လူမျိုးတုံးသတ်ဖြတ်မှု ဆိုတဲ့ စွပ်စွဲချက်တွေကို အခြေအမြစ်မရှိကြောင်း အရင်က ပြောထားခဲ့ဖူးပြီးပေမဲ့ ဂါဇာကမ်းမြောင်နဲ့ ဆက်နွှယ်နေတာကြောင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့နဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ အန်ဂျီအိုလို အရပ်ဘက် အဖွဲ့အစည်းတွေဟာ သတင်းအချက်အလက်နဲ့ ခွဲခြမ်းစိတ်ဖြာမှု ပေးရာမှာ ပါဝင်နေတဲ့အတွက် စွပ်စွဲချက်နဲ့ပတ်သက်ပြီး ဆက်ရှာနေပါတယ်လို့ နိုင်ငံခြားရေးဌာန လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့်ပတေးလ်က ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပဋိပက္ခရဲ့ သက်ရောက်မှုဟာ အရပ်သားတွေအပေါ် သက်ရောက်မှုနဲ့ အရပ်သား သေဆုံးမှုတွေမှာ ဆက်စပ်နေပေမဲ့လည်း လူမျိုးတုံးသတ်ဖြတ်မှုလို့ သတ်မှတ်မရနိုင်ကြောင်းလည်း ပတေးလ်က ပြောပါတယ်။
နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေနဲ့အညီ အစ္စရေးနိုင်ငံအတွက် ကိုယ်ကျင့်တရားနဲ့ ဗျူဟာမြောက် ဦးစားပေးလုပ်ဆောင်ဖို့ အလှည့်အပြောင်းတိုင်းမှာ ဖိအားဆက်ပေးနေတယ်လို့လည်း ဆိုပါတယ်။
ပဋိပက္ခကို အဆုံးသတ်ချင်ရင် စစ်ပွဲကိုရပ်တန့်ဖို့ သဘောတူညီချက်တခုဆီကို ဦးတည်လုပ်ဆောင်ကြဖို့ဖြစ်ပြီး အမေရိကန်က အဲဒါကို ဆက်ပြီး အာရုံစိုက်နေပါတယ်လို့ ပြောသွားပါတယ်။
Source : Reuters