ယီမင်နိုင်ငံထဲက ဟူသီသူပုန်တွေက အီရတ်နိုင်ငံထဲက အစ္စလာမ္မစ် ခုခံရေးတပ်နဲ့ ပူးပေါင်းပြီး အစ္စရေးနိုင်ငံရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းတို့က ပစ်မှတ်တွေကို လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း စစ်ဆင်ရေးတွေ လုပ်ခဲ့တယ်လို့ ယီမင်နိုင်ငံထဲက ဟူသီတွေက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
လွန်ခဲ့တဲ့ ၄၈ နာရီအတွင်း အီရတ်နိုင်ငံထဲက အစ္စလာမ္မစ် ခုခံရေးအဖွဲ့နဲ့ ပူးပေါင်းပြီး ယီမင် (ဟူသီ) လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အစ္စရေးကို ဆန့်ကျင်တဲ့ စစ်ဆင်ရေး ၃ ကြိမ် လုပ်ခဲ့တယ်လို့ ဟူသီအဖွဲ့ရဲ့ စစ်ဘက် ပြောရေးဆိုခွင့်ရှိသူ ယာယာ ဆာရီးက ပြောပါတယ်။
ဒီစစ်ဆင်ရေးဟာ အစ္စရေးမြောက်ပိုင်းက ပစ်မှတ် ၂ ခုနဲ့ အစ္စရေးတောင်ပိုင်း အိလတ်ဒေသက အရေးကြီးတဲ့ ပစ်မှတ်တခုကို မောင်းသူမဲ့ ဒရုန်းယာဉ်တွေနဲ့ ပစ်မှတ်ထားခဲ့တာလို့ သူက ပြောပါတယ်။
စစ်ဆင်ရေး ၃ ခုဟာ ရည်မှန်းချက်တွေကို အောင်မြင်ခဲ့တယ်လို့လည်း ဆာရီးက ပြောပါတယ်။
ဟူသီတွေဟာ ဂါဇာစစ်ပွဲ စတဲ့ ၂၀၂၃ ခုနှစ်ကတည်းက ပါလက်စတိုင်းတို့နဲ့ စည်းလုံးညီညွတ်တဲ့ လုပ်ရပ်အဖြစ် အစ္စရေးကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ အကြိမ်ကြိမ် ပစ်ခတ်ခဲ့ပါတယ်။
Source : Reuters