အစ္စရေးဓားစာခံ မာတန်ဇန်ဂေါင်ကာကို ရိုက်ကူးပြသထားတဲ့ ဗီဒီယိုကို ဒီဇင်ဘာ ၇ ရက်မှာ ဟားမတ်စ်တွေက ဖြန့်ချိခဲ့ပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ဟားမတ်စ်တို့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အသက် ၂၄ နှစ်အရွယ် အမျိုးသားတယောက်က သူ့ကိုယ်သူ မိတ်ဆက်ရင်း အစ္စရေးနိုင်ငံဆီ ပြန်ပို့ရေး ဟားမတ်စ်တွေနဲ့ အပေးအယူ လုပ်ပေးဖို့ အစ္စရေး ခေါင်းဆောင်တွေကို တောင်းပန်နေတာကို ဗီဒီယိုထဲမှာ တွေ့ရပါတယ်။
မာတန်ရဲ့အမေ အိုင်းနက်ဖ်က “အိပ်မပျော်တာနဲ့ စိုးရိမ်ပူပန်တာတွေကို စကားလုံးတွေနဲ့ ဖော်ပြမရနိုင်တဲ့ ငရဲမှာ ၁၄ လကြာပြီးတဲ့နောက် မာတန် အသက်ရှင်နေသေးတဲ့ လက္ခဏာတစ်ခု ရလာပြီ”လို့ သူကိုယ်တိုင် ပါဝင်ခဲ့တဲ့ အပတ်စဥ်စနေနေ့ ဆန္ဒပြပွဲမတိုင်မီမှာ ပြောပါတယ်။
အိုင်းနက်ဖ်ဟာ ချစ်မြတ်နိုးရသူတွေ ပြန်မလွတ်လာသေးတဲ့အတွက် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ သူ့ အစိုးရကို အပြစ်တင်တဲ့ ဓားစာခံ မိသားစုတချို့ရဲ့ ဆန္ဒပြလှုပ်ရှားမှုရဲ့ ပြယုဂ်ဖြစ်လာပါတယ်။
ကာတာ အပါအဝင် ဖျန်ဖြေရေးနိုင်ငံတွေဟာ ပြီးခဲ့တဲ့လက လက်ဘနွန်နိုင်ငံထဲမှာ ဟစ်ဇ်ဘိုလာနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓားစာခံ အယောက် ၁၀၀ ကို ပါလက်စတိုင်း အကျဉ်းသားအများအပြားနဲ့ လဲလှယ်ဖို့ ဖြစ်နိုင်ခြေရှိတဲ့ သဘောတူညီချက်တရပ်အတွက် အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
Source: Reuters