ဆီးရီးယားနယ်စပ်နားက အစ္စရေးသိမ်းပိုက်ထားတဲ့ ဂိုလန်ကုန်းမြင့်မှာ စစ်တပ်တွေထပ်တိုး တပ်ချထားတယ်လို့ အစ္စရေးစစ်တပ်က ဒီဇင်ဘာ ၇ ရက်မှာ ပြောပါတယ်။
ဧရိယာအတွင်းကာကွယ်ရေးကိုအားကောင်းစေဖို့ တပ်ဖွဲ့ဝင်တွေကို ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ စစ်တပ်က စစ်ကူတွေကို ဖြန့်ကြက်ထားတယ်လို့ ကြေညာချက်တခုထဲမှာ ပြောထားပါတယ်။
အစ္စရေးနဲ့ နယ်စပ်နားက ဂိုလန်ကုန်းမြင့်မှာ ဆီးရီးယားတော်လှန်ရေးတပ်တွေက ကူနီထျာမြို့ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆုတ်ခွာလာတဲ့ ဆီးရီးယားအရာရှိ တယောက်နဲ့ တော်လှန်ရေးရဲဘော် ၂ ယောက်တို့က စနေနေ့မှာ ရိုက်တာသတင်းဌာနကို အတည်ပြုခဲ့ပါတယ်။
ဆီးရီးယားသမ္မတ ဘတ်ရှားအယ်လ် အာဆတ်ရဲ့ ၂၄ နှစ်ကြာအုပ်ချုပ်မှုကို ကယ်တင်ဖို့ အဓိကမြို့ဖြစ်တဲ့ ဟုမ်းစ်မြို့ကို ခုခံကာကွယ်ဖို့ အစိုးရတပ်တွေက ကြိုးစားခဲ့ပေမဲ့ ဆီးရီးယားတော်လှန်ရေးတပ်တွေကတော့ တောင်ပိုင်းဒေသအများစုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ပြောရင်း လျှပ်စီးလက်သလို အရှိန်မြှင့် ထိုးစစ်ဆင်ခဲ့ကြပါတယ်။
Source: Reuters