Home
နိုင်ငံတကာ
ဆီးရီးယားတော်လှန်ရေးတပ်များ မဟာဗျူဟာကျသည့် ဟွမ်းစ်မြို့အထိရောက်ပြီ
DVB
·
December 7, 2024
Photo-Reuters

ဆီးရီးယား တော်လှန်ရေးတပ်တွေဟာ အလွန်အရေးပါတဲ့ ဟွမ်းစ်မြို့ကို ရောက်ရှိနေပြီလို့  ဒီဇင်ဘာလ ၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ 

ဟွမ်းစ်မြို့ကိုသာ တော်လှန်ရေးတပ်တွေ  သိမ်းပိုက်နိုင်မယ်ဆိုရင် သမ္မတ အာဆတ်ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ မြို့တော်ဒမ္မစကတ်နဲ့ ကမ်းရိုးတန်းဒေသတွေကို အဆက်အသွယ် ဖြတ်တောက်နိုင်မှာ ဖြစ်ပါတယ်။ 

အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့လို့ သတ်မှတ်ခံထားရတဲ့ HTS တပ်ဖွဲ့ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေဟာ ဟွမ်းစ်မြို့ အပြင်ဘက်က နောက်ဆုံးရွာကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ မြို့ရိုးအနီးကို ရောက်ရှိနေပြီလို့ ကြေညာထားပါတယ်။ 

ဒါ့အပြင် တောင်ဘက်က ဒါးရားမြို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ပြီး အဲဒီမှာရှိတဲ့ သမ္မတအာဆတ်ရဲ့ တပ်တွေကို ဒမ္မစကတ် မြို့ကို ဆုတ်ခွာခွင့်ပေးခဲ့တယ်လို့ တော်လှန်ရေးတပ်တွေဘက်က ပြောပါတယ်။ 

ဟွမ်းစ်မြို့က လူထောင်ပေါင်းများစွာဟာ ကမ်းရိုးတန်းဒေသတွေဖြစ်တဲ့ လာတာကီယာနဲ့ တာတူးစ်ဘက်ကို ထွက်ပြေးနေကြပါပြီ။ 

ပြီးခဲ့တဲ့ တပတ်အတွင်းမှာပဲ အလက်ပိုနဲ့ ဟာမာမြို့တွေပါ တော်လှန်ရေးတပ်ဖွဲ့တွေလက်အောက် ကျရောက်သွားခဲ့ပါတယ်။ 

ဆီးရီးယား ပြည်တွင်းစစ်မှာ လူပေါင်း ၅၀၇၀၀၀ ကျော် သေဆုံးခဲ့ပြီး၊ အဲဒီထဲက ၁၆၀၀၀၀ လောက်က အရပ်သားတွေ ဖြစ်ပါတယ်။ 

တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာကန် ဖီဒန်က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်နဲ့ တယ်လီဖုန်းကနေ ဆွေးနွေးခဲ့ပြီး၊ ဆီးရီးယားအစိုးရအနေနဲ့ အတိုက်အခံတွေနဲ့ တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေးဖြစ်စဉ်တရပ် စတင်သင့်တယ်လို့ တိုက်တွန်းခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013