“လေယာဉ်တွေမြင်တဲ့အခါ” ဆိုတဲ့ ပြပွဲဖွင့်ပွဲကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့က Some Space Gallery မှာ ဒီဇင်ဘာ ၅ ရက်ကနေ ၁၅ ရက်ထိ ဆယ်ရက်တာ ကျင်းပနေပါတယ်။
ဒီပြပွဲဟာ မြန်မာနိုင်ငံရဲ့ အပြစ်မဲ့ ပြည်သူတွေအပေါ် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ထိတ်လန့်စရာတွေ၊ အပျက်အစီးတွေ ဖြစ်စေခဲ့တဲ့ အကြောင်းတရားတွေကို မီးမောင်းထိုးပြနိုင်ဖို့ ရည်ရွယ်တယ်လို့ ပြပွဲစီစဉ်သူတွေက ပြောပါတယ်။
သတင်းဓာတ်ပုံဆရာတွေ၊ ပန်းချီပညာရှင်တွေ၊ ရုပ်ရှင် သဘင် ပညာသည်တွေ၊ အန်နီမေးရှင်း နဲ့ ဂရပ်ဖစ် အနုပညာရှင်တွေ၊ ဖျော်ဖြေတင်ဆက်မှု အနုပညာရှင်တွေရဲ့ အနုပညာ လက်ရာတွေကို စုစည်းပြီး “လေယာဉ်တွေ မြင်တဲ့အခါ” ဆိုတဲ့ ပြပွဲကို ပြသထားတာလည်း ဖြစ်ပါတယ်။