ချင်းမိုင်မြို့ရဲ့ အကြီးဆုံး ပန်းအလှပြပွဲတော် (ဓာတ်ပုံ)
DVB
·
December 5, 2024
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ ပန်းအလှပြပွဲတော်ကို ၂၀၂၄ နိုဝင်ဘာ ၂၉ ရက်ကနေ ၂၀၂၅ ဇန်နဝါရီလ ၅ ရက်ထိ ကျင်းပပြုလုပ်နေပါတယ်။
လှပတဲ့ ပန်းခင်းကြီးတွေအပြင် ဆန်းပြားတဲ့ မီးအလှဆင်မှုတွေနဲ့ ရေပန်းအလှပြဖျော်ဖြေမှုတွေကိုပါ ကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။ ရေပန်းအလှပြဖျော်ဖြေမှုတွေကိုတော့ ညစဉ် ၇ နာရီကနေ ၁၀ နာရီထိ တနာရီတကြိမ် ပြသနေပါတယ်။
ဝေဝေ