ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာ နာမည်ကျော် ထိုင်းရိုးရာပွဲတော်တွေထဲက တခုဖြစ်တဲ့ လွိုင်ကထုံ လို့ခေါ်တဲ့ ပန်းမီးမျှောပွဲတော်နဲ့ မီးပုံးပျံလွှတ်တဲ့ပွဲတွေကို နိုဝင်ဘာ ၁၄ ရက်ကနေ ၁၇ ရက်အထိ ကျင်းပနေတာမှာ ဒေသခံ ထိုင်းနိုင်ငံသားတွေရော ကမ္ဘာလှည့်ခရီးသွားတွေပါ ပါဝင် ဆင်နွှဲနေကြပါတယ်။
‘လွိုင်’ ဆိုတာကတော့ မျှောတာကို ဆိုလိုတာဖြစ်ပြီး ‘ကထုံ’ ဆိုတာကတော့ ငှက်ပျောတုံး၊ ငှက်ပျောရွက်နဲ့ လုပ်ထားတဲ့ ကလပ်ပေါ်မှာ ပန်းနဲ့ အလှဆင်ထားတဲ့ ပန်းကလပ်ကို ဆိုလိုတာပါ။
ဒီပန်းကလပ်တွေထဲ မီးထွန်းပြီး ပန်းဆီမီးကို ရေထဲမျှောကာ ဆုတောင်းပွဲ ကျင်းပကြတာလည်း ဖြစ်သလို ရေနတ်သမီးကို ပူဇော်တဲ့ပွဲဖြစ်တယ်လိုလည်း ဆိုကြပါတယ်။
ထိုင်းနိုင်ငံမြောက်ပိုင်းမှာတော့ မှိုင်းတိုက်ထားတဲ့ မီးပုံပျံလွှတ်တဲ့ပွဲတော်ကိုပါ ကျင်းပကြတာ ဖြစ်ပါတယ်။