အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယား မြောက်ဘက်ကမ်းခြေမှာ အင်အား ၇ ရစ်ချ်တာစကေးရှိ မြေငလျင်လှုပ်ခတ်ခဲ့ပြီးနောက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ငလျင်ကြောင့် လူဦးရေ ၄ ဒသမ ၇ သန်းနေထိုင်တဲ့ ကယ်လီဖိုးနီးယားမြောက်ပိုင်းနဲ့ အော်ရီဂွန်တောင်ပိုင်းတလျှောက် ဆူနာမီသတိပေးချက်တွေ အစောပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သတိပေးချက်ကို ပယ်ဖျက်ခဲ့တာပါ။
ငလျင်လှုပ်ပြီးနောက် မိနစ် ၉၀ အတွင်း ကယ်လီဖိုးနီးယားနဲ့ အော်ရီဂွန်ကမ်းခြေတွေတလျှောက် မိုင် ၅၀၀ ကို အမျိုးသားမိုးလေဝသအဖွဲ့က ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ငလျင်ဟာ အနက် ၆ ဒသမ ၂ မိုင်ရှိပြီး အကျယ် ၃၉ မိုင်အထိ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ငလျင်ရဲ့အလယ်ဗဟိုက ဖရန်ဒါလီ၊ ကယ်လီဖိုးနီးယား၊ ဟမ်းဘော့ကောင်တီမှာရှိတဲ့ မြို့ငယ်လေးနဲ့ အရမ်းနီးကပ်ခဲ့ပြီး ဆန်ဖရန်စစ္စကိုနဲ့ မိုင် ၂၆၀ သာ ဝေးကွာပါတယ်။
ငလျင်လှုပ်ခတ်မှုကြောင့် သေဆုံးသူမရှိဘဲ အဓိက အပျက်အစီးဖြစ်ပွားခဲ့မှုတွေသာရှိတယ်လို့ ဒေသခံ တာဝန်ရှိသူတွေက ပြောပါတယ်။ စတိုးဆိုင်တွေမှာတော့ ပစ္စည်းတွေ ပြုတ်ကျမှုတွေရှိပြီး လျပ်စစ်မီး ခေတ္တပြတ်တောက်ခဲ့ပါတယ်။
ဟမ်ဘော့ကောင်တီမှာရှိတဲ့ လူ ၁၀,၀၀၀ ကျော်ကတော့ ငလျင်လှုပ်ပြီးတာနဲ့ လျပ်စစ်မီး ပြတ်တောက်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
ကြီးမား တဲ့ငလျင်လှုပ်ခတ်မှုပြီးရင် ၅ မိနစ်ကနေ ၁၀ မိနစ်အထိ ဆူနာမီဒဏ်ခံရမှာဖြစ်ကြောင်း ကယ်လီဖိုးနီးယား အရေးပေါ်ဝန်ဆောင်မှုဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ရေတွေ ကမ်းခြေကနေ ဆင်းသွားရင် ပင်လယ်ကနေ အလျင်အမြန်ထွက်ခွာကြပြီး ကုန်းမြင့်မှာ နေကြဖို့ အဲ့ဒီဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ကမ္ဘာပေါ်မှာ တနှစ်ကို ငလျင် ၂၀,၀၀၀ လောက် လှုပ်ခတ်လေ့ရှိပြီး ၅၅ ရက်ကို တခုနှုန်း လှုပ်ခတ်လေ့ရှိတယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
၁၉၉၄ ခုနှစ်က ကယ်လီဖိုးနီးယားဒေသထဲက နော့ရစ် အပါအဝင် ဒီနေရာမှာ ငလျင်လှုပ်ခတ်မှုကြောင့် လူဒါဇင်နဲ့ချီပြီး သေဆုံးခဲ့ကာ ထောင်ပေါင်းများစွာ ဒဏ်ရာရခဲ့ပြီး အဆောက်အဦတွေလည်း ဒေါ်လာ ဘီလီယံချီပြီး ပျက်စီးခဲ့ဖူးပါတယ်။
Source : Reuters