အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ Feather River School အမည်ရှိ သူငယ်တန်းကျောင်းတခုမှာ ဒီဇင်ဘာ ၄ ရက်က သေနတ်သမား ပစ်ခတ်မှုကြောင့် အသက် ၅ နှစ်နဲ့ ၆ နှစ်အရွယ် ကလေး ၂ ယောက် ဒဏ်ရာရရှိခဲ့ပြီး သူ့ကိုယ်သူလည်း အဆုံးစီရင်သွားပါတယ်။
ဒီတိုက်ခိုက်မှုဟာ သတ္တမမြောက် ဥပုသ်တော်နေ့ ဘုရားကျောင်းနဲ့ ဆက်နွှယ်နေတာကြောင့် ကျောင်းကို ပစ်မှတ်ထားပုံပေါက်တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ထောက်ပြပါတယ်။
ပစ်ခတ်မှုဟာ မွန်းလွဲ ၁ နာရီကျော်လောက်မှာ ဖြစ်ပွားခဲ့ပြီး သူငယ်တန်းကျောင်းကို အရေးပေါ်ယာဉ်တွေ ရောက်ရှိလာတာကိုလည်း မျက်မြင်သက်သေ ဗီဒီယိုဖိုင်မှာ တွေ့မြင်ရပါတယ်။
ဒဏ်ရာရသွားတဲ့ ကလေးငယ် ၂ ယောက်ဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး ဒဏ်ရာကုသရေးစင်တာမှာ ကုသမှုခံယူနေကြောင်း ဗြု(ထ်)ကောင်တီ ရဲအရာရှိ ကိုရီဟိုနီးက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Source : Reuters