Home
မြန်မာသတင်း
လှိုင်သာယာတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၁ ဦး သေနတ် ပစ်ခတ်ခံရ
DVB
·
December 5, 2024

ရန်ကုန်တိုင်း၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊  ၁၁ ရပ်ကွက် မကွေးလမ်းနဲ့ ရွှေဝတ်မှုံလမ်းထောင့်မှာ ဒီဇင်ဘာ ၅ ရက်  ဒီမနက် ၈ နာရီက ရပ်ကွက်အုပ်ချုပ်ရေးမှူး တယောက် သေနတ်နဲ့ ပစ်ခတ်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

နေအိမ်ကနေ ဇနီးဖြစ်သူကို ဆိုင်ကယ်နဲ့အလုပ်လိုက်ပို့စဥ် မကွေးလမ်းနဲ့ ရွှေဝတ်မှုံလမ်းထောင့်မှာ အမည်မသိအမျိုးသားတယောက်က သေနတ်နဲ့ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတယောက်က "အုပ်ချုပ်ရေးမှူးကိုပဲ  သေနတ်နဲ့ နှစ်ချက် သုံးချက်ပစ်တာ။ သူ့မိန်းမကိုမပစ်ဘူး။ လူနာတင်ယာဥ်နဲ့ဆေးရုံသယ်သွားတယ်။ အခုတော့ ၁၁ ရပ်ကွက်မှာ စစ်တပ်ရော ရဲတွေရော လိုက်ရှာနေတယ်"လို့  ပြောပါတယ်။

လှိုင်သာယာအနောက်ပိုင်းမြို့နယ်မှာ မြို့နယ်စီမံအဖွဲ့ဝင် သေနတ်နဲ့ပစ်ခတ်ခံရပြီးကတည်းက ဂရုစိုက်နေထိုင်ကြဖို့ မှာကြားထားပြီးနောက် ထပ်မံပစ်ခံရတာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က DVB ကို ပြောပါတယ်။

"ဦးရွှေမန်းအပစ်ခံရကတည်းက ဂရုစိုက်ဖို့မှာထားတဲ့ကြားတည်းက ထပ်ဖြစ်တာ။ ဒီမနက်ပစ် ခတ်မှုမှာ ဒဏ်ရာကများတယ်။ အင်းစိန်ဆေးရုံက လက်မခံလို့ စစ်ဆေးရုံကို ပြောင်းလိုက်တယ်သေဖို့များတယ်" လို့ ပြောပါတယ်။

လတ်တလောမှာ ပစ်ခတ်မှုဖြစ်ရာ အမှတ် ၁၁ ရပ်ကွက်နဲ့ စက်မှုဇုန်အတွင်း စစ်ကောင်စီတပ်နဲ့ ရဲတွေက ကားနဲ့ဆိုင်ကယ်တွေကို စစ်ဆေးနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်ကလည်း ၁၁ ရပ်ကွက် အောင်မင်္ဂလာကျောင်းဝင်းအနီးမှာ မြို့နယ် စစ်ကောင်စီအဖွဲ့ဝင် ဦးကျော်သူဝင်း (ခ) ဦးရွှေမန်းနဲ့ ကိုယ်ရေးအရာရှိတို့ သေနတ်နဲ့ ပစ်ခတ်ခံရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013