Home
မြန်မာသတင်း
NUG ဝန်ကြီးနှင့် တောင်ပိုင်းကယ်လီဖိုးနီးယား မိသားစုတွေ့ဆုံပွဲ ကျင်းပ၊ စစ်ရှောင်ရန်ပုံငွေ ကန်ဒေါ်လာ ၃၀၀၀၀ ကျော်ရ   
DVB
·
November 17, 2024

NUG ဝန်ကြီး ဒေါက်တာဆာဆာနဲ့ အမေရိကန်ပြည်ထောင်စု၊ တောင်ပိုင်းကယ်လီဖိုးနီးယား မိသားစုတွေ တွေ့ဆုံပွဲကနေ ရန်ပုံငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၀,၀၀၀ ကျော်ရရှိခဲ့ပြီး စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီပံ့ပိုးသွားမယ်လို့ သိရပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာဆာဆာနဲ့ တောင်ပိုင်းကယ်လီဖိုးနီးယား မိသားစုများတွေ့ဆုံပွဲကို ဒေသအချိန် နိုဝင်ဘာ ၁၆ ရက် နေ့လယ် ၂ နာရီမှ ညနေ ၅ နာရီအထိ လော့စ်အိန်ဂျယ်လိစ်ကောင်တီ ဘော်ဒွင်ပတ်ခ်မြို့မှာ ကျင်းပခဲ့တာပါ။

ဒေါက်တာဆာဆာက ပြည်တွင်း ပြည်ပ အင်အားစုတွေ စည်းလုံးညီညွတ်ရေးကို တောင်းဆိုခဲ့ပြီး၊ စစ်အုပ်စုအပေါ် ဘဏ္ဍာရေး၊ တရားဝင်မှုနဲ့ စစ်လက်နက်အကူပစ္စည်းတွေ ဖြတ်တောက်ရေးအတွက် ဆောင်ရွက်နေမှုတွေကို  ရှင်းလင်းပြောကြားခဲ့ပါတယ်။

‘ခွန်အားဖြည့်မိငယ်’ နဲ့ ‘သွေးသစ္စာ’ သီချင်း ၂ ပုဒ်ကိုလည်း ဂစ်တာတီးခတ် သီဆို ဖျော်ဖြေခဲ့ပြီး၊ ဒေါက်တာဆာဆာ တီးခတ်ခဲ့တဲ့ ဂစ်တာကို စစ်ဘေးသင့်ပြည်သူတွေအတွက် ရန်ပုံငွေလေလံပစ်ရာမှာ လော့စ်အိန်ဂျယ်လိစ်မြို့ခံ ဆရာဝန်တယောက်က  ဒေါ်လာ ၅၀၀၀ နဲ့  လေလံအောင် အလှူငွေထည့်ဝင်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024