တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးရဲ့ စစ်အုပ်ချုပ်ရေးအမိန့်ကြောင့် နုတ်ထွက်ခဲ့တဲ့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း ကင်မ်ယောင်းဟျွန်က လွှတ်တော်မှာ တပ်ဖွဲ့ဝင်တွေ ချထားဖို့ အမိန့်ပေးခဲ့တယ်လို့ ဒုကာကွယ်ရေးဝန်ကြီးက ဒီဇင်ဘာ ၅ ရက်မှာ ပြောပါတယ်။
စစ်အုပ်ချုပ်ရေးတပ်ရဲ့ တပ်မှူး ပတ်ခ်အန်းစုက သူ့အနေနဲ့ ပြည်သူတွေကို သေနတ်နဲ့ချိန်ဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ပြောဆိုခဲ့ပြီး ဒုကာကွယ်ရေးဝန်ကြီး ကင်မ်ဆုံးမ်ဟို ကတော့ အဲဒီတပ်ဖွဲ့တွေကို ကျည်ဆန်တွေ ပေးမထားဘူးလို့ ပြောပါတယ်။
စစ်အုပ်ချုပ်ရေးပြဋ္ဌာန်းဖို့ ကြိုးပမ်းမှုအတွက် သမ္မတကို စွပ်စွဲပြစ်တင်ဖို့ တောင်ကိုရီးယားလွှတ်တော်က ဒီဇင်ဘာ ၅ ရက်မှာ အဆိုတင်သွင်းခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးက စစ်တပ်ကို လွှတ်တော်ကိုဝိုင်းဖို့ အမိန့်ပေးခဲ့ပြီး လှုပ်ရှားမှုကို အကြံပေးလို့ ပြစ်တင်ရှုတ်ချခံနေရပါတယ်။
အတိုက်အခံ ဒီမိုကရက်တစ်ပါတီက ဥပဒေပြုအမတ်တွေဟာ ယွန်းကို ဒီဇင်ဘာ ၇ ရက် ည ၇ နာရီဝန်းကျင်မှာ စွပ်စွဲပြစ်တင်ဖို့ လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်ခဲ့ကြတယ်လို့ ပါတီပြောရေးဆိုခွင့်ရှိသူက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
ယွန်းရဲ့ အာဏာရ ပြည်သူ့စွမ်းအားပါတီဟာ အကျပ်အတည်းနဲ့ပတ်သက်ပြီး သဘောထား ကွဲပြားနေပေမဲ့ ယွန်းရဲ့ ၅ နှစ်သက်တမ်းမှာ လက်ကျန် ၂ နှစ်အတွက် စွပ်စွဲပြစ်တင်မှုကို ဆန့်ကျင်သွားမယ်လို့ ပြောထားပါတယ်။
Source : Reuters