Home
နိုင်ငံတကာ
ဂျပန် ဆာကေးအရက်ကို   ကမ္ဘာ့အမွေအနှစ်အဖြစ် ယူနက်စကို သတ်မှတ် 
DVB
·
December 5, 2024
Photo-Reuters

ဂျပန်ဆာကေးထုတ်လုပ်မှု ရိုးရာနည်းပညာကို ထိတွေ့မရတဲ့ အမွေအနှစ်အဖြစ် ယူနက်စကိုက သတ်မှတ်ခဲ့ပါတယ်။

ပါရာဂွေးနိုင်ငံမှာ ကျင်းပတဲ့ ထိတွေ့မရတဲ့ ယဉ်ကျေးမှုအမွေအနှစ် ကာကွယ်ပေးရေး ၂ နိုင်ငံ ကော်မတီရဲ့ တွေ့ဆုံမှုမှာ ယူနက်စကိုက အသိအမှတ်ပြုခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဆာကေးထုတ်လုပ်မှု ရိုးရာနည်းပညာဟာ ဂျပန်နိုင်ငံအတွက် ၂၃ ခုမြောက် ထိတွေ့မရတဲ့ ယဉ်ကျေးမှုအမွေအနှစ်လည်း ဖြစ်လာပါတယ်။

ချိုပြီး ချဉ်တဲ့ ဘီယာအနံ့ရတဲ့ ဆာကေးကို ဆန်၊ တဆေးနဲ့ ပြုလုပ်ရတာဖြစ်ပါတယ်။ ဆာကေးကို ကိုဂျီ၊ ရေတို့နဲ့ ပြုလုပ်ထားတယ်လို့ ရှေးခေတ်က အသိများကာ ဆန်-ဒန်-ဂီကိုမီ ဆိုတဲ့ အဆင့် ၃ ဆင့်နဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။

ဆာကေးကို မျိုးဆက်သစ်တွေ စိတ်ဝင်စားဖို့နဲ့ ရှေးကျတဲ့ ယမကာကို သောက်သုံးဖို့ ဂျပန်နိုင်ငံက မျှော်လင့်နေပါတယ်။

၁၀ စုနှစ်တွေအတွင်း ဂျပန်နိုင်ငံမှာ ရိုးရာအရက်ဖြစ်တဲ့ ဆာကေးကို သောက်သုံးမှုနှုန်းက ကျဆင်းလာပြီး ကောက်တေးလ်နဲ့ အခြားယမကာတွေကို သောက်သုံးမှု များပြားလာပါတယ်။

ဂျပန်နိုင်ငံမှာ ဆာကေးကို လူကြိုက်များမှု လျော့ကျလာပေမဲ့ ဂျပန်လူမျိုးတွေရဲ့ စိတ်ထဲမှာတော့ ဆာကေးက တစိတ်တပိုင်းအဖြစ် ဆက်ရှိနေပါတယ်။

ကမ္ဘာမှာတော့ ဆာကေးသောက်သုံးမှုနှုန်း မြင့်လာတာ တွေ့ရပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းက ဆာကေးတင်ပို့ရမှုနှုန်း ၇၀ ရာခိုင်နှုန်း တိုးလာပြီး ၂၀၂၃ ခုနှစ်မှာ ဒေါ်လာ သန်း ၂၇၀ အထိ ရှိလာပါတယ်။

ဆာကေးရဲ့ အဓိကဈေးကွက်က အမေရိကန်ဖြစ်ပြီး ၆,၅၀၀ ကီလိုလီတာ ပို့ဆောင်ရပါတယ်။ ၂၀၂၀ အမေရိကန် ယမကာဈေးကွက်မှာ ဆာကေးက ၀ ဒသမ ၂ ရာခိုင်နှုန်းသာရှိတာကြောင့် အနာဂတ်မှာ ပိုပြီး ရောင်းချရဖို့ အခွင့်အလမ်း ရှိနေပါတယ်။

နှစ်စဉ် အောက်တိုဘာ ၁ ရက်နေ့ကို ဆာကေးနေ့အဖြစ် ဂျပန်နိုင်ငံက သတ်မှတ်ထားပြီး အဲဒီနေ့ကို ကမ္ဘာ့ဆာကေးနေ့အဖြစ် ခေါ်ဝေါ်ကြပါတယ်။

ဆာကေးနေ့အဖြစ် ၁၉၇၈ ခုနှစ်က ဂျပန်ဆာကေးနဲ့ ဆိုဂျူးအဖွဲ့အစည်းက သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013