ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) ဟာ တောင်တရုတ်ပင်လယ်ထဲက စကာဘိုရို ရေတိမ်သောင်ခုံနားရှိ ငါးဖမ်းဗျူရိုအတွက် ပုံမှန်ကင်းလှည့်နေစဉ် တရုတ်ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်သင်္ဘောတစင်းက ရန်လိုတဲ့လုပ်ရပ် လုပ်ခဲ့တယ်လို့ ပြောပါတယ်။
တောင်တရုတ် ပင်လယ်ပြင်ဆိုင်ရာ ဖိလစ်ပိုင် ကမ်းခြေစောင့်တပ် PCG ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဂျေးတာရေးလာက PCG သင်္ဘောရဲ့ ရေကြောင်းအင်တာနာတွေကို တိုက်ရိုက်ပစ်မှတ်ထားပြီး တရုတ်ကမ်းခြေစောင့်တပ်ရဲ့ သင်္ဘောက ရေအမြောက်နဲ့ ပစ်ခတ်ခဲ့တယ်လို့ ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ဖိလစ်ပိုင်ရေယာဉ်တွေဟာ တရုတ်ရေတပ်နဲ့ ကမ်းရိုးတန်းစောင့်သင်္ဘောတွေရဲ့ ပိတ်ဆို့မှု၊ နောက်ယောင်ခံလိုက်မှုနဲ့ အန္တရာယ်ရှိတဲ့ စစ်ဆင်ရေးတွေကိုလည်း ရင်ဆိုင်ခဲ့ရတယ်လို့ဆိုပါတယ်။
တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ ဖိလစ်ပိုင်ကြား တင်းမာမှုတွေဟာ တနှစ်ပတ်လုံး တိုးမြင့်လာနေပြီး အထူးသဖြင့် ငါးဖမ်းလုပ်ငန်းရှိရာ စကားဘိုရို ရေတိမ်သောင်ခုံဝန်းကျင်မှာ ဖြစ်နေပါတယ်။
နှစ်စဉ် သင်္ဘောတင် ကူးသန်းရောင်းဝယ်မှု ဒေါ်လာ ၃ ထရီလီယံကျော်အတွက် အရေးပါတဲ့ ရေလမ်းတခုရှိရာ တောင်တရုတ်ပင်လယ်တခုလုံးနီးပါးကို တရုတ်နိုင်ငံက သူပိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်။
တောင်တရုတ်ပင်လယ်ရဲ့ အစိတ်အပိုင်းတွေကို ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်တို့ကလည်း သူတို့ပိုင်နက်အဖြစ် ပြောထားပါတယ်။
Source: Reuters