Home
နိုင်ငံတကာ
မနီလာမြို့လယ်က ဆင်းရဲသားရပ်ကွက် မီးလောင်ပြီး တဲအိမ်ဒါဇင်ချီ ဆုံးရှုံး
DVB
·
November 25, 2024
Photo : MANILA DISASTER RISK REDUCTION AND MANAGEMENT OFFICE HANDOUT

ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာရဲ့ မြို့လယ်က ဆင်းရဲသားရပ်ကွက်မှာ နိုဝင်ဘာ ၂၄ ရက်က အကြီးအကျယ် မီးလောင်ပြီး ဒါဇင်ချီတဲ့ တဲအိမ်တွေ မီးလောင်ခဲ့ပါတယ်။

မနီလာ အစိုးရကပ်ဘေးစီမံရေးရုံးကနေ မျှဝေတဲ့ ဒရုန်းယာဉ်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုထဲမှာ မီးလောင်မှုအနေအထားကို မြင်ရပါတယ်။

မီးက မြို့တော်ရဲ့ ဆိပ်ကမ်းဧရိယာတလျှောက်က အိမ်တွေကို လောင်ကျွမ်းခဲ့တာပါ။ မီးလောင်ရတဲ့ အကြောင်းရင်းကို အာဏာပိုင်တွေက မစုံစမ်းရသေးပါဘူး။

ဖိလစ်ပိုင်မှာ များသောအားဖြင့် လျှပ်စစ်ဝါယာရှော့ကြောင့် မီးလောင်လေ့ရှိပြီး အဆောက်အဦတွေ၊ အိမ်တွေ၊ ရုံးတွေမှာ မီးဘေးအန္တရာယ်ဆိုင်ရာ ဘေးကင်းရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရာမှာ ဟာကွက်ရှိတဲ့ မှတ်တမ်းတွေ ရှိနေပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လတုန်းကလည်း မနီလာမြို့တော်က တရုတ်တန်းမှာ ငါးထပ်အဆောက်အဦ တခု မီးလောင်လို့ လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024