Home
နိုင်ငံတကာ
ဂျော်ဂျီယာတွင် ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
December 4, 2024
Photo: REUTERS/Irakli Gedenidze

ဥရောပသမဂ္ဂ (EU) ကို လိုလားတဲ့ ဂျော်ဂျီယာနိုင်ငံထဲက ဆန္ဒပြသူတွေနဲ့ ရဲတွေဟာ ဂျော်ဂျီယာနိုင်ငံမြို့တော် တီဘီလစ်စီမှာ ဒီဇင်ဘာ ၃ ရက်က ၆ ရက်မြောက်ဆက်တိုက် ထိပ်တိုက်တွေ့ရင်း ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

ရေအမြောက်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်လူစုခွဲတဲ့ ရဲတွေကို ဆန္ဒပြသူတွေက လေဆာရောင်ခြည်တွေ၊ မီးရှူးမီးပန်းတွေ သုံးပြီး တန်ပြန်တိုက်ခိုက် ဆန့်ကျင်ခဲ့ကြတာပါ။

ဥရောပသမဂ္ဂထဲကို ဝင်ရောက်ခြင်းဆိုင်ရာ ဆွေးနွေးပွဲတွေကို ဆိုင်းငံ့ထားဖို့ အစိုးရရဲ့ ဆုံးဖြတ်ချက်ကို ဆန့်ကျင်တဲ့ ၆ ရက်ကြာ လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေအတွင်း အဖမ်းခံထားရသူတွေကို ရဲတပ်ဖွဲ့က ညှဉ်းပန်းနှိပ်စက်ခဲ့တယ်လို့ ဂျော်ဂျီယာရဲ့ ဌာနဆိုင်ရာ အမှုများ စစ်ဆေးရေးဌာနက အင်္ဂါနေ့က စွပ်စွဲခဲ့ပါတယ်။

ဆန္ဒပြသူတွေအပေါ် အင်အား အလွန်အကျွံသုံးတာကို အမေရိကန်ပြည်ထောင်စုက အရင်က ရှုတ်ချခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဂျော်ဂျီယာဝန်ကြီးချုပ် အီရတ်ခ်လီ ခိုဘာခီဇေက ရဲတပ်ဖွဲ့ရဲ့ တုံ့ပြန်မှုအတွက် အကြိမ်ကြိမ် ချီးကျူးခဲ့ပြီး ဥရောပနဲ့ အမေရိကန်တို့က လုပ်ဖော်ကိုင်ဖက်တွေထက် ပညာရှင်ဆန်ပြီး ကျွမ်းကျင်မှုကို ပြသခဲ့တယ်လို့ ပြောခဲ့ပါတယ်။

လက်ရှိ အာဏာရ Georgian Dream ပါတီက EU ဆွေးနွေးပွဲတွေကို ရပ်ဆိုင်းပြီး ၂၀၂၈ ခုနှစ်အထိ EU ဆီကရမယ့် ရန်ပုံငွေအားလုံးကို စွန့်လွှတ်ကြောင်း ပြီးခဲ့တဲ့ ကြာသပတေးနေ့ကတည်းက ကြေညာခဲ့တာပါ။

လူဦးရေ ၃ ဒသမ ၇ သန်းရှိတဲ့ ဂျော်ဂျီယာနိုင်ငံဟာ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရတယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013