ဗင်နီဇွဲလားသမ္မတကို လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ နိုင်ငံရေးသမားတွေကို ထောင်ချမှုကြောင့် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး(ICC) မှာ တရားစွဲဖို့ ဗင်နီဇွဲလားနိုင်ငံသားတွေက ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့မှာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
အတိုက်အခံခေါင်းဆောင် မာရီရာကိုရီနာမာချာဒိုကို ရွေးကောက်ပွဲဝင်ရောက်ခွင့် တားဆီးခဲ့လို့ သူ့နေရာမှာ အက်မန်ဒိုဇွန်ဇာလက်ဇ်နဲ့ အစားထိုးခဲ့ရတာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ မာဒူရိုကို အနိုင်ရခဲ့ပြီး အနောက်နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှုမရှိမှုနဲ့ လူထုရဲ့ လျှိုဝှက်မဲပေးမှု လိုအပ်တယ်လို့ ဆိုပါတယ်။
လက်ရှိသမ္မတ မာဒူရိုကို ICC က တရားစွဲဖို့လိုအပ်ကြောင်း ကမ္ဘာတဝန်းလုံးက ဗင်နီဇွဲလားတွေကို တိုက်တွန်းတဲ့ အသံဖိုင်တခု မာချာဒိုက ဆိုရှယ်မီဒီယာ X မှာ တင်ခဲ့ပါတယ်။
မာချာဒိုက “အပြစ်မရှိတဲ့ တရားခံတွေ၊ ကျမတို့ရဲ့ သူရဲကောင်းတွေ၊ ကျမတို့ရဲ့ လူငယ်တွေကို ကာကွယ်ပေးကြပါစို့၊ သူတို့ဟာ အကောင်းဆုံး တိုက်ပွဲဝင်ခဲ့သူတွေ ဖြစ်ပါတယ်” လို့ အသံမက်ဆေ့ချ်မှာ ပြောထားပါတယ်။
ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲအပြီးမှာ အနည်းဆုံး လူ ၁,၈၀၀ ဖမ်းဆီးခံခဲ့ရတယ်လို့ ဗင်နီဇွဲလား လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။
ရွေးကောက်ပွဲမှာ လက်ရှိသမ္မတ မာဒူရို ရှုံးနိမ့်ခဲ့ပေမဲ့ အာဏာဆက်ပြီး ထိန်းထားခဲ့ကာ ဆန့်ကျင်သူတွေကို ထောင်ချခဲ့တာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၆ ရက်မှာတော့ ဖမ်းဆီးခံ လူ ၁၀၀ ကျော်ကို ထောင် ၄ ခုကနေ ပြန်လွှတ်ခဲ့တယ်လို့လည်း လူ့အခွင့်ရေးအဖွဲ့က ဆိုပါတယ်။
ဇူလိုင် ၂၈ ရက် ရွေးကောက်ပွဲမှာ သမ္မတလောင်း ဂွန်ဇာလက်ဇ်ကို ပြည်သူ ၇ သန်းက မဲပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
Source : Reuters