
အာဖရိက ရွှေ့ပြောင်းနေထိုင်သူတွေကို လူသားချင်းစာနာထောက်ထားမှုအကူအညီ ဒေါ်လာ ၁ ဘီလီယံကျော် ထောက်ပံ့ပေးမယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကတိပြုခဲ့ပါတယ်။
ဘိုင်ဒင်ဟာ သူ့ရဲ့ အမေရိကန်သမ္မသက်တမ်းအတွင်း ပထမဆုံးအကြိမ် အာဖရိကတိုက်ကို သွားရောက်ခဲ့တာဖြစ်ပြီး အန်ဂိုလာသမ္မတနဲ့ တွေ့ဆုံစဉ် ရွှေ့ပြောင်းသူတွေကို အမေရိကန်က ထောက်ပံ့မယ်လို့ ကတိပြုခဲ့တာပါ။
အာဖရိကတိုက်မှာ သမိုင်းကြောင်းတလျှောက် အဆိုးရွားဆုံး မိုးခေါင်မှုနဲ့ စားနပ်ရိက္ခာ မလုံလောက်မှုတို့ကြောင့် နေရပ်ပြောင်းရွှေ့အခြေချသူတွေကို ဒေါ်လာ ၁ ဘီလီယံကျော် လူသားချင်း စာနာထောက်ထားကူညီဖို့ ဘိုင်ဒင်က အန်ဂိုလာ သမ္မတနန်းတော်မှာ ကတိပြုခဲ့တာ ဖြစ်ပါတယ်။
ဘိုင်ဒင်ရဲ့ အာဖရိကခရီးစဉ်မှာ လိုဘီတိုကော်ရီဒါကိုလည်း သွားရောက်ဖွယ်ရှိပါတယ်။ ကွန်ဂို၊ ဇင်ဘာဘွေအနောက်မြောက်၊ အန်ဂိုလာနိုင်ငံတို့ နယ်နိမိတ် ထိစပ်နေတဲ့ လိုဘီတိုကော်ရီဒါဟာ အာဖရိကတိုက်ဒေသတွင်းနဲ့ ကမ္ဘာ့ကုန်သွယ်ရေးအတွက် အချက်အချာကျတဲ့ နေရာတခုလည်း ဖြစ်ပါတယ်။
ကွန်ဂိုနိုင်ငံရဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းကနေ သတ္တုတင်ပို့နိုင်ဖို့ ရထားလမ်းစီမံကိန်းကို အမေရိကန်က ငွေကြေးထောက်ပံ့ထားတာ ဖြစ်ပါတယ်။
ဘိုင်ဒင်ဟာ အန်ဂိုလာ အမျိုးသားပြတိုက်ကိုလည်း သွားရောက်ခဲ့ပါသေးတယ်။ ဒီပြတိုက်ဟာ ၂ နိုင်ငံစလုံးရဲ့ ကျွန်ကုန်သွယ်မှုသမိုင်းကို ပြသတဲ့ ပြတိုက်လည်း ဖြစ်ပါတယ်။
အဲဒီတုန်းက အမေရိကန်ကို ကျွန်အဖြစ် မစေလွှတ်မီ အတင်းအကျပ် ဘာသာဝင်ခိုင်းတဲ့ ၁၇ ရာစုက ဝတ်ပြုတဲ့နေရာလည်း ဒီပြတိုက်မှာ ရှိပါတယ်။
Source: Reuters