တရုတ်ပြည်မကြီးအစိုးရဟာ ခုသီတင်းပတ်ကုန်ချိန်မှာ စစ်စွမ်းရည်ပြ လေ့ကျင့်ခန်း အသစ်တွေကို စတင်ဆောင်ရွက်နိုင်တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောထားပြီး တရုတ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို သေသေချာချာ အကဲဖြတ်နေတယ်လို့ ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက်မှာ ပြောပါတယ်။
ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကို သူ့ပိုင်နက်နယ်မြေအဖြစ် တရုတ်နိုင်ငံက ရှုမြင်ထားတာပါ။
ဒီနှစ် အခုချိန်အထိ ကျွန်းတဝိုက်မှာ စစ်စွမ်းရည်ပြပွဲ ၂ ကြိမ်ကျင်းပခဲ့ပြီး တရုတ်ပြည်မကြီးရဲ့ တပ်ဖွဲ့တွေက နေ့စဉ်နေ့တိုင်း ထိုင်ဝမ်ကျွန်းအနီးနားမှာ လှုပ်ရှားနေကြပါတယ်။
အခုသီတင်းပတ်အတွင်း တရုတ်က ကန့်ကွက်ခဲ့တဲ့ ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်ရဲ့ ပစိဖိတ်သမုဒ္ဒရာ ကျွန်းနိုင်ငံတွေဆီခရီးစဉ်၊ ဟာဝိုင်အီနဲ့ ဂူအမ်ကျွန်းတွေဆီ သွားရောက် လည်ပတ်မှုတို့နဲ့ တိုက်ဆိုင်ပြီး စစ်ရေးလေ့ကျင့်မှုအသစ်ကို ဆောင်ရွက်နိုင်တယ်လို့ အကဲခတ်တွေက သုံးသပ်ကြပါတယ်။
တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လိုင်က ပယ်ချပြီး တရုတ်ပြည်မကြီးအစိုးရနဲ့ ငြိမ်းချမ်းရေးကို လိုလားတဲ့အနေနဲ့ ဆွေးနွေးဖို့ အကြိမ်ကြိမ်ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
Source : Reuters