Home
နိုင်ငံတကာ
ဟေတီတွင် အကြမ်းဖက်မှုကြောင့် နိုင်ငံသား ၇ သိန်းကျော် တိမ်းရှောင်နေရ
DVB
·
December 3, 2024
Photo: Reuters

ဟေတီနိုင်ငံမှာ အကြမ်းဖက်မှုကြောင့် ပြည်တွင်းနေရပ်ရှောင် ဟေတီနိုင်ငံသား ၇  သိန်းကျော်ရှိပြီး အဲဒီထဲမှာ လွန်ခဲ့တဲ့ ၂ ပတ်အတွင်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်နွှယ်နေတဲ့ မလုံခြုံမှုတွေကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ လူပေါင်း ၅၀၀၀၀ ကျော်လည်း ပါဝင်ကြောင်း ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) က ထုတ်ပြန်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ ဟေတီနိုင်ငံဆိုင်ရာ ဒါရိုက်တာဝမ်ဂျာ ကားရီယာက “အခြေအနေက ပိုဆိုးလာနေပြီး ပြည်တွင်းရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ကလည်း ထပ်တိုးလာနေတာကြောင့် အခုခါ နိုင်ငံတွင်းမှာ ဒုက္ခသည် ၇ သိန်းကျော်အထိ တိုးလာနေပြီးတော့ လိုအပ်ချက်တွေက ကြီးမားတယ်” လို့ ပြောပါတယ်။

WFP ဟာ နိုဝင်ဘာလမှာ အိုးအိမ်မဲ့လူဦးရေအတွက် နေရာ ၄၈ နေရာမှာ အစားအစာ လူအယောက် ၆၃၀,၀၀၀ စာကို ပေးအပ်ခဲ့ပြီး အရင်က သူတို့မရောက်ဘူးခဲ့တဲ့ နေရာဧရိယာတွေကို ဝင်ရောက်ခဲ့ကြောင်း ဟေတီပြောရေးဆိုခွင့်ရှိသူ တန်ညာ ဘာ့ခ်ဘတ်ခ် က ပြောပါတယ်။

အစားအစာတွေ ဖြန့်ဝေရာမှာ ဆန်နဲ့ ပဲလို အဓိကပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပူပူနွေးနွေး အစားအစာတွေကို အရင်ကထက် ပိုပေးခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ အကူအညီကိုလည်း တိုးမြှင့်နိုင်ခဲ့ပါတယလို့ ဟေတီပြောရေးဆိုခွင့်ရှိသူ ဘာ့ခ်ဘတ်ခ်က ဆိုပါတယ်။

ဟေတီလူဦးရေရဲ့ ၄၈ ရာခိုင်နှုန်းဟာ ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရကြောင်း နိုဝင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ ဖော်ပြထားပြီး မြေငလျင်ကြီး လှုပ်ခဲ့တဲ့ ၂၀၁၀ ခုနှစ်နောက်ပိုင်း ငတ်မွတ်မှု အမြင့်ဆုံးအဆင့်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024