Home
နိုင်ငံတကာ
လူသားချင်းစာနာမှုအကူအညီအတွက် ၂၀၂၅ တွင် ဒေါ်လာ ၁၆.၉ ဘီလျံ လိုမည်ဟု WFP ပြော
DVB
·
November 24, 2024
Photo: Reuters

ငတ်မွတ်ခေါင်းပါးပြီး  အရေးပေါ် လူသားချင်းစာနာမှုအကူအညီလိုအပ်နေတဲ့ ကမ္ဘာပေါ်က လူပေါင်း ၁၂၃ သန်းကို ၂၀၂၅ ခုနှစ်မှာကူညီဖို့ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၁၆ ဒသမ ၉ ဘီလီယံ လိုမယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ် (WFP) အစီရင်ခံစာအရ သိရပါတယ်။

WFP ရဲ့ ရောမရုံးချုပ်က ထုတ်ပြန်တဲ့ ၂၀၂၅ ကမ္ဘာလုံးဆိုင်ရာ လားအလာ အစီရင်ခံစာထဲမှာ နိုင်ငံပေါင်း ၇၄ နိုင်ငံက လူ ၃၄၃ သန်းထက်မနည်းဟာ လက်ရှိမှာ စားနပ်ရိက္ခာ မဖူလုံတာကို ပြင်းပြင်းထန်ထန်ရင်ဆိုင်နေရပြီး မနှစ်ကနဲ့ နှိုင်းယှဉ်ရင် ၁၀ ရာခိုင်နှုန်း တိုးလာတယ်လို့ အေဂျင်စီက ပြောပါတယ်။

WFP ရဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပိုရှုပ်ထွေးလာလို့ လိုအပ်နေသူတွေဆီကို လက်လှမ်းမီဖို့ပိုခက်ခဲပြီး ငွေကုန်ကြေးကျ များစေတယ်လို့လည်း အစီရင်ခံစာက ဆိုပါတယ်။

၂၀၂၄ ခုနှစ်မှာ ရန်ပုံငွေမလုံလောက်လို့ WFP က သူ့လုပ်ငန်းဆောင်တာတွေကို အခုနှစ်အတွင်း နောက်ပြန်ဆုတ်ဖို့ တွန်းအားပေးခဲ့ရပြီး မကြာခဏဆိုသလို ထိခိုက်လွယ်သူတချို့ကို ကျန်ရစ်စေခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြထားပါတယ်။

ကမ္ဘာလုံးဆိုင်ရာ လူသားချင်းစာနာထောက်ထားမှုလိုအပ်ချက်တွေ မြင့်တက်လာနေပြီး ပြင်းထန်တဲ့ ပဋိပက္ခတွေ၊ မကြာခဏဖြစ်ပွားနေတဲ့ ရာသီဥတုဘေးအန္တရာယ်တွေနဲ့ ကျယ်ပြန့်တဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကြောင့် နိုင်ငံတကာအသိုက်အဝန်းဆီက ငွေကြေးနဲ့ သံတမန်ရေးရာ အထောက်အပံ့တွေ တောင်းဆိုနေရတယ်လို့ WFP အမှုဆောင်ဒါရိုက်တာ စင်ဒီ မက်ကိန်း က အလေးပေး ပြောကြားခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024