မက္ကဆီကိုနိုင်ငံမြောက်ပိုင်း ဆီနာလိုအာပြည်နယ် ကူလီယာကန်မြို့တော်မှာ နိုဝင်ဘာ ၂၈ ရက်က ရဲအရာရှိ တယောက် အပါအဝင် လူ ၈ ယောက် သေဆုံးခဲ့ကြောင်း မက္ကဆီကို အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ဒါဟာ မူးယစ်ရာဇဝတ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်နေတဲ့ အကြမ်းဖက်မှု လှိုင်းလုံးကြီးအတွင်း ဒေသအနှံ့ ပျံ့နှံ့ဖြစ်ပွားခဲ့တဲ့ နောက်ဆုံးဖြစ်ရပ်လို့ ဆိုပါတယ်။
တရားမဝင်လောင်းကစားတွေ လုပ်ကြတဲ့ ဟူဂါဒါလို့ခေါ်တဲ့အရပ်မှာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ ၃ ယောက် သေဆုံးသွားတယ်လို့ ဆီနာလိုအာပြည်နယ် လုံခြုံရေး လက်ထောက်အတွင်းဝန် လီယွန်စီယို ပက်ဒရို ဂါစီယာက ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်ပွားတဲ့ နေရာမှာပဲ လူ ၂ ယောက် သေဆုံးပြီး ဒဏ်ရာရရှိတဲ့ တယောက်ကို ဆေးရုံကြီးကို ပို့ဆောင်ခဲ့ပေမဲ့ နောက်ပိုင်းမှာ ကံမကောင်းစွာနဲ့ပဲ မနေ့က ၈ ယောက် သေဆုံးခဲ့တယ်လို့ ဖြည့်စွက်ပြောပါတယ်။
အရပ်သားတွေနဲ့ ရဲတပ်ဖွဲ့ကိုလည်း နိုးနိုးကြားကြား၊ သတိရှိရှိနေဖို့ လိုအပ်ကြောင်းလည်း ဂါစီယာက အလေးပေးပြောကြားခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက် အစောပိုင်း ကလည်း ညှင်းပန်းနှိပ်စက်ခံထားရတဲ့ လက္ခဏာတွေနဲ့အတူ နောက်ထပ်အလောင်း ၅ လောင်းကို တွေ့ရှိခဲ့ကြောင်း ဆီနာလိုအာ ရှေ့နေက အစီရင်ခံပါတယ်။
ဆီနာလိုအာပြည်နယ်နဲ့ သူ့မြို့တော် ကူလီယာကန်တို့ဟာ ရာဇ၀တ်ဂိုဏ်းတွေနဲ့ ဆက်နွှယ်တဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေကြရပြီး အင်အားကြီး ဆီနာလိုအာ ကာတယ်လ်ရဲ့ ဂိုဏ်းခွဲတွေအကြားက ကျယ်ပြန့်တဲ့ ဂိုဏ်းတွင်းတိုက်ပွဲတွေဟာ အရပ်သားတွေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကိုလည်း ထိခိုက်နေတာ ဖြစ်ပါတယ်။
Source-Reuters