Home
နိုင်ငံတကာ
ပလတ်စတစ်ထုတ်လုပ်မှု ထိန်းချုပ်ရေး ကုလဆွေးနွေးပွဲ သဘောတူညီမှု မရ
DVB
·
December 2, 2024
Photo: REUTERS/Daewoung Kim

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ကျင်းပတဲ့ ၅ ကြိမ်မြောက် ကုလသမဂ္ဂရဲ့ ကမ္ဘာလုံးဆိုင်ရာ ပလတ်စတစ်ထိန်းချုပ်မှု ဆွေးနွေးပွဲမှာ သဘောတူညီမှု မရခဲ့ပါဘူး။

နိုင်ငံပေါင်း ၁၀၀ ကျော်က ပလတ်စတစ်ထုတ်လုပ်မှုကို ကန့်သတ်လိုတဲ့ ဆန္ဒရှိပြီး ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေက စွန့်ပစ် ပလတ်စတစ်တွေကိုသာ ပစ်မှတ်ထားဖို့ ဆန္ဒရှိနေတာ ဖြစ်ပါတယ်။

ကုလသမဂ္ဂရဲ့ အစိုးရအချင်းချင်းဆွေးနွေးမှု ကော်မတီ INC-5 ဆွေးနွေးပွဲမှာ နိုင်ငံတွေရဲ့ သဘောတူညီချက် မရတာကြောင့် အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ရွှေ့ဆိုင်းခဲ့ရပြီး ဆွေးနွေးမှုတွေ ဆက်ပြီး ပြုလုပ်ရမှာဖြစ်ပါတယ်။

ပနားမားနိုင်ငံရဲ့ အဆိုပြုချက်က တကမ္ဘာလုံး ပလတ်စတစ်ထုတ်လုပ်မှုကို လျှော့ချရေးဖြစ်ပြီး နိုင်ငံပေါင်း ၁၀၀ ကျော်က လက်ခံခဲ့ပေမဲ့ တခြားနိုင်ငံရဲ့ အဆိုပြုချက်မှာ ပလတ်စတစ် ထုတ်လုပ်မှု လျှော့ချရေး မပါဝင်ခဲ့ပါဘူး။

ဒီဆွေးနွေးပွဲရဲ့ အခြေခံသဘောတူညီမှုတွေကို သဘာပတိက ဒီဇင်ဘာ ၁ ရက်မှာ ထုတ်ပြန်ခဲ့ပေမဲ့ အဓိကအကြောင်းအရာတွေကို ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့ အချက်တွေတော့ ပါဝင်ခဲ့ခြင်း မရှိပါဘူး။

ရေနံထုတ်လုပ်တဲ့ နိုင်ငံအနည်းစုထဲက ဆော်ဒီအာရေဗျလို နိုင်ငံတွေက ပလတ်စတစ် ထုတ်လုပ်မှု လျှော့ချခြင်းကို လုံးဝ ဆန့်ကျင်ထားပါတယ်။ ဒီလို ရေနံထုတ်လုပ်တဲ့ နိုင်ငံတွေရဲ့ ဆန့်ကျင်မှုကြောင့် ဆွေးနွေးမှုတွေ နောင့်နှေးစေပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013