နှစ်ပေါင်း ၁၀ သန်းကျော်သက်တမ်းရှိပြီလို့ ယုံကြည်ရတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းတခုကို ကျောက်ဖြစ်ရုပ်ကြွင်း ပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။
ရှေးဟောင်းမိကျောင်းမျိုးစိတ် ကျောက်ဖြစ်ရုပ်ကြွင်းတခုကို ပီရူးနိုင်ငံမှာရှိတဲ့ လီမာမြို့မှာ နိုဝင်ဘာ ၂၈ ရက်က တွေ့ခဲ့တာပါ။
ဘူမိဗေဒတက္ကသိုလ်ရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းပညာရှင် မာရီယိုဂါမာရာက ဒီရုပ်ကြွင်းဟာ ဂါရီရယ်မိကျောင်းမျိုးရဲ့ အကောင်ငယ်နမူနာနဲ့ ကိုက်ညီမှုရှိပါတယ်လို့ ဆိုပါတယ်။
ဒီမိကျောင်းမျိုးဟာ ၉ ပေကနေ ၁၃ ပေအထိ ရှည်ပြီး အရွယ်ရောက်ပြီး မိကျောင်းကတော့ ၂၆ ပေကနေ ၂၉ ပေအထိ ရှိပါတယ်။
ဒီရုပ်ကြွင်းကို ရုပ်ကြွင်းတွေပေါတဲ့ အိုင်ကာမှာရှိတဲ့ သဲကန္တာရမှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ရှာဖွေတွေ့ရှိမှုမှာ ဘယ်ခြေထောက်နဲ့ အမြီးတော့ မပါဝင်ခဲ့ပေမဲ့ အရာအားလုံးက နဂိုအတိုင်း ကျောက်ဖြစ်နေတာ တွေ့ရပါတယ်။
ဂါရီရယ်မိကျောင်းမျိုးဟာ လက်ရှိအချိန်မှာ အာရှမှာသာ တွေ့နိုင်ပြီး လေ့လာသူတွေကတော့ ရှေးခေတ်က ဒီမိကျောင်းမျိုးစိတ်ဟာ တောင်အမေရိကမှာ နေတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းကလည်း အာဂျင်တီးနားနိုင်ငံမှာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ဖားလောင်းရုပ်ကြွင်းကို ရှာတွေ့ခဲ့ပါသေးတယ်။
Source : Reuters