ပီးရူးနိုင်ငံမှာ ဆန္ဒပြနေတဲ့ ပို့ဆောင်ရေးအလုပ်သမားတွေနဲ့ ရဲတပ်ဖွဲ့အကြား ခိုက်ရန် ဖြစ်ပွား ခဲ့ပါတယ်။
ဆန္ဒပြသူတွေဟ မြို့တော်လီမာမှာရှိတဲ့ လွှတ်တော်ကို ချီတက်ခဲ့တာဖြစ်ပြီး ရာဇဝတ်မှုတွေအတွက် ဥပဒေပြုပေးဖို့နဲ့ တောဒေသတွေမှာ အကြမ်းဖက်မှုဖြစ်ပွားနေတာကို သိရှိစေဖို့ ရည်ရွယ်ခဲ့ပါတယ်။
ဒါပေမဲ့ အာဏာပိုင်တွေက လုံခြုံရေးအတွက် လွှတ်တော်ကို ချီတက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးတွေပစ်ခတ်ခဲ့ပြီး ရှင်းလင်းမှုတွေ ပြုလုပ်ခဲ့ပါ တယ်။
ဆန္ဒပြသူတွေကလည်း အရာဝတ္ထုတွေနဲ့ ပြန်လည်ပစ်ပေါက်ခဲ့ပြီး လွတ်တော်အဆောက်အဦးရှေ့မှာ ဆန္ဒပြသူတွေနဲ့ လုံခြုံရေးတွေ ခိုက်ရန် ဖြစ်ပွားခဲ့တာပါ။
ခြိမ်းခြောက်ငွေညှစ်မှုတွေ၊ ပြန်ပေးဆွဲမှုတွေနဲ့ အကြမ်းဖက်လူသတ်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မယ့် ဥပဒေပြဌာန်းဖို့ ဆန္ဒပြမှုသူတွေ တောင်းဆိုထားပါတယ်။
ဥပဒေကို အနည်းငယ်ပြင်ဆင်မွန်းမံထားမှုကို ဆန္ဒပြသူတွေက လက်မခံကြောင်း ဒေသခံမီဒီယာ တွေက ဖော်ပြပါတယ်။
ကြာသပတေးနေ့က စတင်ခဲ့တဲ့ ၇၂ နာရီကြာ ဆန္ဒပြပွဲဟာ လွတ်တော်က ဆွေးနွေးမှု မပြုလုပ်ခဲ့တဲ့နောက် ဆန္ဒပြမှုရက်ကို ဆက်တိုးမြှင့်ဖို့ သမဂ္ဂက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ပီရူးနိုင်ငံမှာ အကြမ်းဖက်မှုတွေ တိုးမြင့်လာလို့ စက်တင်ဘာလတုန်းက ခရိုင် ၁၂ ခုမှာ ရက်ပေါင်း ၆၀ ကြာ အရေးပေါ်အခြေအနေကြေညာခဲ့ပြီး လုံခြုံရေးဆောင်ရွက်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ရဲတပ်ဖွဲ့ကို ကူညီရန် စစ်တပ်ကို အစိုးရက အသုံးပြုခဲ့တာတွေ့ရပါတယ်။
Source/ Photo: Reuters