ဆာလာရဲ့စာချုပ်ကိစ္စအပေါ် စိုးရိမ်မှု မရှိကြောင်း လီဗာပူးနည်းပြ အာနဲစလော့ကပြောသွား ပါတယ်။
အီဂျစ်တိုက်စစ်မှူးဟာ အခုနှစ်ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းလာခြင်းမရှိသေးတဲ့အတွက် ထွက်ခွါဖို့ရှိကြောင်း လူသိရှင်ကြားထုတ် ဖော်ပြောပြခဲ့တာပါ။
နည်းပြအာနဲစလော့ကတော့ စာချုပ်သက်တမ်းမတိုးဖြစ်သေးတာက မိုဆာလာအတွက် အာရုံထွေပြားစေမှာမဟုတ်ဘဲ အသင်းအတွက် အကောင်းဆုံးအာရုံစိုက်ကစားမယ့်သူဖြစ် ကြောင်း နည်းပြစလော့ကပြောပါတယ်။
မိုဆာလာဆီကနေ ဘာတွေလိုချင်သလဲဆိုတာကိုလဲ ပြောပြထားပြီး သူဟာ လက်ရှိအချိန်မှာ အကောင်းဆုံး စွမ်းဆောင်ရည်ရရှိနေကြောင်း စလော့က ပြောပါတယ်။
Photo-Reuters