ကမ္ဘာ့ရွှေဈေး မြင့်လာတာကြောင့် ပြည်တွင်းရွှေရည်ညွှန်းဈေးလည်း အကယ်ဒမီ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၅၄ သိန်းခွဲကျော်ထိ ထပ်မံပြန်လည်မြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ တတိယပတ်က ကမ္ဘာ့ရွှေ ၁ အောင်စ အမေရိကန်ဒေါ်လာ ၂,၅၅၄ သာရှိပေမဲ့ လက်ရှိမှာ ၁ အောင်စ ဒေါ်လာ ၂,၇၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့ပါတယ်။
ပြည်တွင်းမှာ အမေရိကန် ဒေါ်လာငွေလဲလှယ်နှုန်း ကျဆင်းနေပေမဲ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေ ပြန်မြင့်လာတာကြောင့် ပြည်တွင်းရွှေဈေးလည်း လိုက်ပါမြင့်တက်လာတာ ဖြစ်ပါတယ်။
ပြင်ပ ရွှေစျေးကွက်မှာတော့ ဒီနေ့ နိုဝင်ဘာ ၂၆ ရက်နေ့မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၂ သိန်းခွဲဝန်းကျင်ခန့် ရှိတာကြောင့် စစ်ကောင်စီရဲ့ ရွှေရည်ညွှန်းဈေးထက် ကျပ် ၈ သိန်းခွဲ ဝန်းကျင် ကွာဟချက်ရှိပါတယ်။
စစ်ကောင်စီကတော့ ရွှေဈေးတက်နေခြင်းကဈေးကစားသူတွေရဲ့ လက်ချက်လို့ ပြောဆိုထားပြီး ရွှေလုပ်ငန်းရှင်နဲ့ ကုန်သည်တွေကို ခေါ်ယူစစ်ဆေးတာ၊ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဒါ့အပြင် ရွှေဆိုင်တွေကို YGEA ရဲ့ သတ်မှတ်ဈေးနဲ့သာ အရောင်အဝယ်ပြုလုပ်ကြဖို့ သတိပေးထားတာ ဖြစ်ပါတယ်။