ပြည်တွင်းမှာ အခေါက်ရွှေရည်ညွှန်းဈေး ရက်ပိုင်းအတွင်း ကျပ် ၂ သိန်းဝန်းကျင် ပြန်မြင့်တက်လာပါတယ်။
နိုဝင်ဘာ ၁၇ ရက်နေ့မှာ အခေါက်ရွှေ ရည်ညွှန်းစျေးဟာ ကျပ် ၅၂ သိန်းဝန်းကျင်ရှိရာကနေ နိုဝင်ဘာ ၂၁ ရက်နေ့မှာ ကျပ် ၅၃ သိန်းခွဲကျော်ကို စျေးမြင့်တက်လာခဲ့တာပါ။
ကမ္ဘာ့ရွှေဈေးဟာ နိုဝင်ဘာ ၁၅ ရက်က တအောင်စကို အမေရိကန်ဒေါ်လာ ၂၅၅၄ အထိ ကျဆင်းသွားပြီး နိုဝင်ဘာ ၂၁ ရက် ဒီနေ့မှာ တအောင်စကို အမေရိကန်ဒေါ်လာ ၂၆၃၈ အထိ ပြန်မြင့်တက်လာပါတယ်။
ပြင်ပ ရွှေစျေးကွက်မှာတော့ နိုဝင်ဘာ ၂၁ ရက်မှာ အခေါက်ရွှေ တကျပ်သားကို ကျပ် ၆၂ သိန်းဝန်းကျင်ခန့် ရှိပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လလယ်ပိုင်းက အမေရိကန် တဒေါ်လာကို မြန်မာကျပ်ငွေ ၇၀၀၀ ကျော်အထိ မြင့်တက်ခဲ့သလို အခေါက်ရွှေတကျပ်သား ကျပ်သိန်း ၈၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ပါတယ်။