ယူကရိန်းတပ်တွေက သူ့ခံစစ်ကို ရုရှားတပ်တွေက မထိုးဖောက်နိုင်အောင် တားဖို့ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း ကြိုးပမ်းနေချိန်မှာ ယူကရိန်းရဲ့ ကိရိယာတန်ဆာပလာ တပ်ဆင်ရေး အဓိကကျတဲ့ နေရာတွေကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှားတပ်ဖွဲ့တွေက နိုဝင်ဘာ ၂၄ ရက်မှာ ကြေညာပါတယ်။
ရုရှားစစ်တပ်ဟာ ဒေသ ၁၄၁ ခုမှာရှိတဲ့ ယူကရိန်းရဲ့ လူအင်အားနဲ့ စက်ပစ္စည်းတပ်ဆင်ရေး ဧရိယာတွေအပြင် ယူကရိန်း စစ်ဘက်ဆိုင်ရာ လေဆိပ်တွေ၊ မောင်းသူမဲ့လေယာဉ် ထုတ်လုပ်ရေး အလုပ်ရုံတွေနဲ့ သိုလှောင်ရုံ အများအပြားကို တိုက်ခိုက်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၂၄ ရက်မှာ ပြောပါတယ်။
ရုရှားလေကြောင်းရန်ကာကွယ်ရေး တပ်ဖွဲ့တွေက အဲဒီနေ့မှာပဲ ယူကရိန်းဒရုန်း ၄၄ စင်းကို ပစ်ချခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ဆက်ပြောပါတယ်။
အဲဒီနေ့မှာပဲ ရှေ့တန်းနယ်မြေတွေမှာ တိုက်ပွဲပေါင်း ၁၂၂ ကြိမ် ဖြစ်ခဲ့ပြီး အထူးသဖြင့် ယူကရိန်းအရှေ့ပိုင်း ကူရာကို့ဗ်နဲ့ ပေါ့ခ်ရော့ဗ်စ်ခ်မြို့တွေက ရှေ့တန်းစစ်မျက်နှာတွေမှာ အခြေအနေ တင်းမာနေဆဲဖြစ်တယ်လို့ စစ်ပွဲအစီရင်ခံစာအတွင်း ယူကရိန်းတပ်မတော် စစ်ဦးစီးချုပ်က ပြောခဲ့ပါတယ်။
ရုရှားစစ်တပ်က ဖောက်ထွင်းဝင်ရောက်လာတာကနေ တားဆီးဖို့ အစီအမံအားလုံးကို ယူကရိန်းစစ်တပ်က လုပ်ဆောင်နေပြီး သြဂုတ်လမှာစတင်တဲ့ ရုရှားနိုင်ငံ အနောက်ပိုင်း ကာ့က်စ်ဒေသ စစ်ဆင်ရေးကို ဆက်လုပ်နေတယ်လို့လည်း သူက ပြောခဲ့ပါတယ်။
Source : Reuters