ရုရှားအားကစားဝန်ကြီး မီခေးလ် ဒီတားရော့ဖ်ဟာ မြောက်ကိုရီးယား အားကစားဝန်ကြီး ကင်မ်အီဂွတ်နဲ့တွေ့ဖို့ မြောက်ကိုရီးယားမြို့တော် ပြုံယမ်းဆီ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ အားကစား ကဏ္ဍတွေအကြား အပြန်အလှန် ဖလှယ်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုအားကောင်းလာအောင် ဆွေးနွေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက နိုဝင်ဘာ ၂၅ ရက်မှာ ဖော်ပြခဲ့ပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို နိုဝင်ဘာ ၂၂ ရက်က ပြုံယမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ ကြိုဆိုနှုတ်ဆက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို မြောက်ကိုရီးယား တရားဝင်သတင်းအေဂျင်စီ KCNA က ထုတ်လွှင့်ခဲ့ပြီး သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
ရုရှားနဲ့ မြောက်ကိုရီးယား အားကစားဝန်ကြီးတို့ဟာ နိုဝင်ဘာ ၂၄ ရက်မှာ တွေ့ဆုံခဲ့ပြီး ၂၀၂၅ ခုနှစ် အားကစားဖလှယ်မှုဆိုင်ရာ သဘောတူစာချုပ် မချုပ်ခင် ညှိနှိုင်းချက်မူကြမ်းကို လက်မှတ်ရေးထိုးခဲ့ကြကာ တိုက်ကွမ်ဒိုသရုပ်ပြမှုကိုလည်း ကြည့်ရှုခဲ့ကြတယ်လို့ KCNA က ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားအစိုးရတို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း သံတမန်ရေးနဲ့ စီးပွားရေး ဖလှယ်မှုတွေကို မြှင့်တင်ခဲ့ပါတယ်။
ဇွန်လက ပူတင်ရဲ့ မြောက်ကိုရီးယားခရီးစဉ်မှာ နှစ်နိုင်ငံခေါင်းဆောင်တွေ အပြန်အလှန် ကာကွယ်ရေး သဘောတူစာချုပ်ကို ချုပ်ဆိုခဲ့ကြပါတယ်။
Source : Reuters