Home
နိုင်ငံတကာ
ယူအေအီးတွင် အစ္စရေး ၁ ဦး အသတ်ခံရမှုကို ဝန်ကြီးချုပ် နေတန်ယာဟု ရှုတ်ချ
DVB
·
November 25, 2024
Photo : GPO

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ယူအေအီးမှာ အစ္စရေးတယောက် အသတ်ခံရမှုကို ရှုတ်ချခဲ့ပါတယ်။

ကိုဂန် အမည်ရ အစ္စရေးတယောက်ဟာ ယူအေအီးနိုင်ငံမှာ ပျောက်သွားခဲ့ပြီး အသတ်ခံရလျက် ပြန်တွေ့ခဲ့တာဖြစ်ကာ ဂျူးလူမျိုးများဆန့်ကျင်ရေး ရာဇဝတ်မှုတခုဖြစ်ကြောင်း နေတန်ယာဟုက ရှုတ်ချခဲ့တာပါ။

ဂျူးဘာသာရေးခေါင်းဆောင်ဖြစ်သူ ကိုဂန်ဟာ ချာဘတ်လို့ခေါ်တဲ့ ဂျူးအဖွဲ့ဝင်တယောက် ဖြစ်ပြီး နိုဝင်ဘာ ၂၁ ရက်က ဒူဘိုင်းမှာ ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

ယူအေအီး နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကိုဂန်ရဲ့ သေဆုံးမှုနဲ့ပတ်သက်ပြီး မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။ ယူအေအီးမှာရှိတဲ့ ချာဘတ်ရုံးကလည်း မှတ်ချက်ပေးဖို့ ငြင်းဆိုထားတာ တွေ့ရပါတယ်။

ဂျေရုစလင်မှာ ပြုလုပ်တဲ့ ဝန်ကြီးအစည်းအဝေးပွဲမှာ UAE အာဏာပိုင်တွေနဲ့ လူသတ်မှုကို ပူးပေါင်းဆောင်ရွက်ဖို့ နေတန်ယာဟုက မှာကြားခဲ့ပါတယ်။

“ကျနော်တို့ရဲ့ ငြိမ်းချမ်းရေးကို ပျက်ပြားအောင် နှောင့်ယှက်မှုတွေနဲ့ ပိုပြီးရင်ဆိုင်နေရပါတယ်။ ကျနော်တို့ ပိုပြီး အင်အားကောင်းအောင်နဲ့ ဒေသတွင်းတည်ငြိမ်မှုရှိအောင် ဆောင်ရွက်မယ်။”

ချာဘတ်အဖွဲ့ကတော့ ဂျူးလူမျိုးအသင်းအဖွဲ့တွေ၊ ဘာသာရေးနဲ့ မပတ်သက်တဲ့ ဂျူးအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး စုံစမ်းမှု ပြုလုပ်နေပါတယ်။

အစ္စရေးအာဏာပိုင်တွေကတော့ ယူအေအီးနိုင်ငံကို ခရီးထွက်မယ့်သူတွေ အရေးပေါ်ကိစ္စ မရှိဘဲ မသွားကြဖို့ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လုံခြုံတဲ့နေရာမှာ နေဖို့၊ အလယ်အပတ်သွားခြင်း ရှောင်ရှားဖို့နဲ့ အစ္စရေးနဲ့ ဂျူးလူမျိုးတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ဖို့လည်း ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။

ယူအေအီးမှာရှိတဲ့ အစ္စရေးနဲ့ ဂျူး လူမှုအသိုက်အဝန်းဟာ ၂၀၂၀ ပြည့်နှစ်ကစပြီး လူဦးရေ ပိုများလာပါတယ်။

အမေရိကန်ရဲ့ ကြားဝင်ညှိနှိုင်းမှုအရ အေဘရာဟမ် သဘောတူညီချက်ဟာ နှစ်ပေါင်း ၃၀ အတွင်း ထင်ရှားတဲ့ အစ္စရေးနဲ့ ယူအေအီးနိုင်ငံကြား တရားဝင်ဆက်ဆံရေး ရှိခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်ပွားမှု ၁၃ လတာကာလအတွင်း ယူအေအီးက ၂ နိုင်ငံ ဆက်ဆံရေး ထိန်းသိမ်းခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013