Home
နိုင်ငံတကာ
တောင်ကိုရီးယားတွင် ပလတ်စတစ် အသုံးပြုမှု အဆုံးသတ်ရန် လူထုလှုပ်ရှားမှုပြုလုပ်
DVB
·
November 25, 2024
Photo : Reuters

တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ ကမ္ဘာတဝန်းက ရာသီဥတုအရေး လှုပ်ရှားသူတွေဟာ နိုဝင်ဘာ ၂၄ ရက်က ပလတ်စတစ် အဆုံးသတ်ဖို့ လိုတယ်ဆိုတဲ့ စာသားကို လူအများနဲ့ စုပေါင်းပြီး ရောင်စုံစက္ကူတွေနဲ့ ပုံဖော်ခဲ့ကြတယ်။

ကုလသမဂ္ဂရဲ့ ပလတ်စတစ်ဆိုင်ရာ ဆွေးနွေးပွဲမတိုင်ခင် အခုလှုပ်ရှားမှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့နဲ့ နိုင်ငံပေါင်း ၁၀ နိုင်ငံက Friends of the Earth အဖွဲ့ဝင်တွေ အပါအဝင် လူ ၅၀၀ လောက်က ဟေအွန်ဒေးကမ်းခြေမှာ အဲဒီစာသားကို စုပေါင်းပုံဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

လှုပ်ရှားသူတွေဟာ “ပလတ်စတစ်မလိုဘူး” နဲ့ “ပလတ်စတစ်နဲ့ဘဝ၊ မကောင်းပါဘူး” စတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး ကမ်းခြေတလျှောက် ချီတက် ဆန္ဒပြခဲ့ကြတယ်။

ဘူဆန်မြို့မှာ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁ ရက်အထိ ပလတ်စတစ် ညစ်ညမ်းမှုဆိုင်ရာ အစိုးရချင်း ညှိနှိုင်းဆွေးနွေးရေးကော်မတီ (INC) အစည်းအဝေးကို ကျင်းပမှာ ဖြစ်ပါတယ်။

ပင်လယ်သမုဒ္ဒရာထဲက ပလတ်စတစ်ညစ်ညမ်းမှု အပါအဝင် ပလတ်စတစ်ညစ်ညမ်းမှုကို ထိန်းချုပ်ဖို့ ဥပဒေအရ စည်းနှောင်မှုရှိတဲ့ သဘောတူညီချက်တခု ရေးဆွဲဖို့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013